Sunday, June 11, 2023
HomeLead Storyရန်ကုန်တွင် စစ်ကောင်စီတပ်က လူငယ်များကိုပစ်မှတ်ထားပြီး ဖုန်းစစ်ဆေး၊ ဖမ်းဆီးငွေညှစ်နေ

ရန်ကုန်တွင် စစ်ကောင်စီတပ်က လူငယ်များကိုပစ်မှတ်ထားပြီး ဖုန်းစစ်ဆေး၊ ဖမ်းဆီးငွေညှစ်နေ

ရန်ကုန်မြို့မှာ စစ်ကောင်စီလက်အောက်ခံတပ်တွေက  လူငယ်တွေကို ပစ်မှတ်ထားပြီး ရှောင်တခင် လက်ကိုင်ဖုန်းတွေယူပြီး စစ်ဆေးတာတွေ များလာတာကြောင့် သတိထား သွားလာနေကြရတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စစ်တပ်နဲ့ရဲတွေဟာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လှည့်လည်သွားလာနေပြီး  မထင်ရင် မထင်သလို  စစ်ဆေးမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

ကမာရွတ်မြို့နယ်မှာ နေထိုင်သူတစ်ဦးက “ပြီးခဲ့တဲ့ရက်က လှည်းတန်း ဦးထွန်းလင်းခြံလမ်းမှာ ဖြတ်သွားဖြတ်လာလူငယ်တွေရဲ့ ဖုန်းတွေ ယူစစ်တာ တွေ့တယ်။ ဟိုမေး၊ ဒီမေးတွေလည်း လုပ်တယ်။ ဖမ်းတာပြုတာတော့ မတွေ့ဘူး”လို့ ပြောပါတယ်။

ဖုန်းတွေယူစစ်လို့ တော်လှန်ရေးနဲ့ပတ်သက်တဲ့အချက်အလက်ပုံတွေ တွေ့ရင် ဖမ်းဆီးခေါ်ယူပြီး ငွေညှစ်တာမျိုးတွေလည်း ရှိတယ်လို့လည်း သိရပါတယ်။

ဂျပန်ဘာသာသင်တန်း တက်ရောက်နေသူတစ်ဦးက “သင်တန်းက အသိညီမလေးတစ်ယောက်ရဲ့ ဖုန်းထဲမှာ ဆန္ဒပြတုန်းကပုံ တွေ့လို့ဆိုပြီး ခေါ်သွားတယ်။ ပြီးတော့ အိမ်ကိုဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ငါးသိန်းပေးမှ ပြန်လွှတ်ပေးတယ်”လို့ ပြောပါတယ်။

အဲဒီလို အစစ်အဆေးကြမ်းနေတာကြောင့် မြို့ပြပြောက်ကျားလူငယ်တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်လှုပ်ရှားနေသူတွေအနေနဲ့ ပိုပြီးသတိထားသွားလာနေကြရတယ်လို့လည်း ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular