Thursday, June 8, 2023
HomeLead Storyကြည့်မြင်တိုင်တရားရုံးရှေ့ ဗုံးပေါက်ကွဲ

ကြည့်မြင်တိုင်တရားရုံးရှေ့ ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ရွှေလှိုင်လမ်းထောင့်မှာရှိတဲ့ မြို့နယ်တရားရုံးအရှေ့မှာ မတ်လ ၂၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

တရားရုံးအပြင်ဘက် အမှိုက်ပုံအနီးမှာ ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်က ဗုံးပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးပေါက်တာတော့ ဟုတ်တယ်၊ တရားရုံးအပြင်ဘက်က အမှိုက်ပုံနားမှာ ပေါက်တာ။ လူထိတာမရှိဘူး၊ ရဲတွေရော စစ်သားတွေပါ စစ်ဆေးနေတယ်။ တရားရုံးနဲ့နီးတဲ့ နေရာတွေမှာ။”

ဒီနေ့ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဗိုလ်မှူးကြီး ဦးဆောင်တဲ့ စစ်ကောင်စီတပ်တွေက တရားရုံးဝန်ထမ်းတချို့ကို မေးမြန်းတာတွေရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကြည့်မြင်တိုင်တရားရုံးမှာ ဗုံးပေါက်ကွဲခဲ့တာ အခုတကြိမ်နဲ့ဆို လေးကြိမ်ရှိပြီဖြစ်ပါတယ်။

မနေ့ည ၁၀ နာရီကျော်ကလည်း ဗိုလ်တထောင်မြို့နယ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ရန်ကုန်မှာ အခုလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေ၊ အုပ်ချုပ်ရေးမှူးတွေ မကြာခဏ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးတာတွေရှိတဲ့အတွက် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular