DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကို ၂၁ ဦးဖြင့် ဖွဲ့စည်း
DVB
·
June 12, 2014
မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကို ၂၁ ဦးဖြင့် ဖွဲ့စည်း
Donate to DVB

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကို အဖွဲ့ဝင် ၂၁ ဦးနဲ့ ပထမဆုံးအကြိမ်ဖွဲ့စည်းလိုက်ပြီး မသန်စွမ်းသူတွေကို ကာကွယ်ပေးမယ့် ဥပဒေပေးပေါက်ရေးလုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

[caption id="attachment_58490" align="alignright" width="300"]ဓာတ်ပုံ - ဒါရိုက်တာ သမီးမြတ်ကျော် ဓာတ်ပုံ - ဒါရိုက်တာ သမီးမြတ်ကျော်[/caption]မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့၊ နေ့လည်ပိုင်းမှာ မသန်စွမ်းလူဦးရေ ၅၀၀ လောက်က ကွန်ပျူတာစနစ်နဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ အတွက်မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီမှာ ဥက္ကဋ္ဌအဖြစ် မန္တလေး နားမကြားကျောင်းက ဒုကျောင်းအုပ်လည်းဖြစ် ကိုယ်တိုင်လည်း အကြားအာရုံ မသန်စွမ်းသူလည်းဖြစ်တဲ့ ဒေါ်ရတနာအောင်ကို ရွေးချယ်ခဲ့ပါတယ်။

ကောင်စီအဖွဲ့ဝင် ၂၁ ဦးမှာ ပါဝင်တဲ့ မသန်စွမ်းတဦးဖြစ်သူ ဦးမင်းစိုးကတော့ ကောင်စီ အနေနဲ့ တနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံရဲ့ ဒုတိယရည်ရွယ်ချက် ဖြစ်တဲ့ မသန်စွမ်း သူတွေကို ကာကွယ်ပေးမယ့် ဥပဒေအကောင်အထည်ဖော်ရေး ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ညဏ်ရည်မသန်စွမ်းမူဆိုင်ရာကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ဦးနေထွန်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

Equality Myanmar က လူ့အခွင့်အရေးလူပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ မသန်စွမ်း ကောင်စီမှာ ပါဝင်တဲ့သူတွေအနေနဲ့ မသန်စွမ်းသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထား လုပ်ဆောင်ဖို့ လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး လူဦးရေ ၁၃ သိန်းခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အခုလို မသန်စွမ်းသူများ ကောင်စီပေါ်လာတဲ့အတွက် မသန်စွမ်းသူတွေရဲ့အခွင့်အရေး လိုအပ်ချက်တွေကို မသန်စွမ်းသူတွေကိုယ်စား တရားဝင်တောင်းဆိုလာနိုင်ဖွယ် ရှိနေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013