တရုတ်နဲ့ ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေးဟာ အပြန်အလှန် ဆက်ဆံရေး နယ်ပယ်ကို အများကြီးကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းနဲ့ အနာဂတ် လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့အဆင့်ကို ရောက်နေပြီလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောလိုက်ပါတယ်။
ရုရှားမြို့တော် မော်စကိုရှိ ကရင်မလင် နန်းတော်မှာ မတ် ၂၁ ရက်က သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆွေးနွေးပွဲတွေ ကျင်းပအပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ခုလိုပြောလိုက်တာပါ။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ရှီနဲ့ ပူတင်ဟာ နီးကပ်တဲ့ ဆက်ဆံရေးကို တွန်းအားပေးခဲ့ပြီး နှစ်နိုင်ငံကြား ဗျူဟာမြောက် ညှိုနှိုင်းဆောင်ရွက်ရေးကနေ အသီးအပွင့် ရလဒ်တွေကို ဆောင်ကြဉ်းနိုင်ခဲ့တယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။
တရုတ်နဲ့ ရုရှားတို့ဟာ နယ်ပယ်အမျိုးမျိုးမှာ အဆင့်မြင့် ဖလှယ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အတွင်း အိမ်နီးချင်းကောင်း၊ မိတ်ဆွေနဲ့ အားလုံး အနိုင်ရတဲ့ ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းတွေကို လိုက်နာခဲ့ကြပါတယ်။
သမိုင်းအခြေအနေသစ် အောက်မှာ ကျယ်ပြန့်တဲ့ အမြင်၊ ရေရှည် ရှုထောင့်တွေနဲ့ ရှုမြင်ပြီး တရုတ်နဲ့ ရုရှားတို့ဟာ လူသားထု တိုးတက်ရေး အကြီးအကျယ် ပံ့ပိုးကူညီဖို့ ကြိုးပမ်းသွားမယ်လို့ ရှီက ပြောခဲ့ပါတယ်။