DVB Logo
Home
Lead Story
ထားဝယ်-ထီးခီးတွင် ၇ ရက် နိုင်ငံကူးလက်မှတ် ထိုင်းဘက်က ယာယီရပ်ဆိုင်း
DVB
·
June 12, 2014
ထားဝယ်-ထီးခီးတွင် ၇ ရက် နိုင်ငံကူးလက်မှတ် ထိုင်းဘက်က ယာယီရပ်ဆိုင်း
Donate to DVB

[caption id="attachment_58482" align="alignright" width="300"]တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ် တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်[/caption]ထားဝယ်-ထီးခီးနယ်စပ်မှာ ၇ ရက် နိုင်ငံကူး လက်မှတ်ကို ထိုင်းနိုင်ငံဘက်က ယာယီ ရပ်ဆိုင်းတယ်လို့ ကေအန်ယူတပ်မဟာ ၄ နယ်မြေ နယ်စပ်သတင်းရပ်ကွက်အရသိရပါတယ်။

တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတည်းက ပိတ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်က လူမှုအကျိုးဆောင် ကိုနေမျိုးသွင်က ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ ဗိုလ်မှူးကြီးတဦးထံက တဆင့် ကြားသိရကြောင်းနဲ့ ဒီကနေ့မှာတော့ လူသွားလူလာ မရှိသလောက် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက မပိတ်ပေမယ့် လူသွားလူလာမရှိသလောက်ဖြစ်နေပြီး ဘာကြောင့်ပိတ်တယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာတော့ ထီးခီးနယ်စပ်မှာ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်ပွဲရှိပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်မယ်လို့ ကိုနေမျိုးသွင်က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013