DVB Logo
Home
Lead Story
လူတဦးက တိုင်ကြားတာနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်
DVB
·
June 12, 2014
လူတဦးက တိုင်ကြားတာနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်
Donate to DVB

parliment3လူတဦးတယောက်က တိုင်ကြားတာနဲ့ တပ်မတော်သားကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်တယ် ဆိုတဲ့အစား လူ ၁၀ဦးလောက်က သက်သေအနေနဲ့ တိုင်မှ ရုပ်သိမ်းခွင့်ပြုသင့်ကြောင်း ဖြည့်စွက်ပေးဖို့ ဇွန်လ ၁၂ရက်က ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော်မှာ တင်ပြဆွေးနွေး ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တဦးက အခုလို ဆွေးနွေးခဲ့တာလို့ မကွေးတိုင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ် ကျင်းပတဲ့ လွှတ်တော်ကတည်းက တင်ထားတာဖြစ်ပြီး ဒီတကြိမ်လွှတ်တော်မှာတော့ အတည်ပြုနိုင်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကို တိုင်ကြားထားတာတွေရှိလို့ လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013