Friday, June 9, 2023
HomeLead Storyနိုင်ငံအသင်းမှ အနားယူမည့်ကိစ္စ မက်ဆီကိုယ်တိုင်သာ ဆုံးဖြတ်နိုင်ဟု အာဂျင်တီးနား နည်းပြပြော

နိုင်ငံအသင်းမှ အနားယူမည့်ကိစ္စ မက်ဆီကိုယ်တိုင်သာ ဆုံးဖြတ်နိုင်ဟု အာဂျင်တီးနား နည်းပြပြော

နိုင်ငံလက်ရွေးစင်အသင်းကနေ မက်ဆီအနားယူမယ့်ကိစ္စဟာ မက်ဆီကိုယ်တိုင်သာ ဆုံးဖြတ်နိုင်တယ်လို့ အာဂျင်တီးနားနည်းပြ စကယ်လိုနီက ပြောသွားပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဆုဖလားအပြင် အကောင်းဆုံးကစားသမားဆုတွေပါ ရယူနိုင်ခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားထားတာပါ။

ဒါပေမဲ့ ကမ္ဘာ့ချန်ပီယံအသင်းအနေနဲ့ ခြေစမ်းပွဲတွေမှာဆက်လက်ကစားဦးမှာဖြစ်ပြီး အနားယူဖို့ကိစ္စ မစဉ်းစားသေးတာဖြစ်ပါတယ်။

အာဂျင်တီးနားနည်းပြ စကယ်လိုနီကတော့ နိုင်ငံအသင်းကနေ မက်ဆီအနားယူမယ့်ကိစ္စဟာ မက်ဆီကိုယ်တိုင်သာ အဆုံးအဖြတ်ပေးနိုင်ပြီး သူမကစားတော့ဘူးလို့ ပြောလာမှသာ လက်ခံစဉ်းစားပေးမယ်လို့ ပြောပါတယ်။

မက်ဆီကို အသင်းဖော်တွေနဲ့ အတူရှိနေတာကိုမြင်တွေ့နေရတာက ပျော်ရွှင်ကျေနပ်စရာကောင်းပြီး မက်ဆီဟာ အသင်းသားအားလုံးရဲ့လေးစားချစ်ခင်မှုနဲ့ ထိုက်တန်တဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြစကယ်လိုနီက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular