ထိုင်းစစ်ကောင်စီ ကမ္ဘာ့ဖလား အခမဲ့ကြည့်ရှုနိုင်ရန် စီစဉ်ပေး

fifa-world-cup-wallpaper-hd3ဇွန် ၁၂ ရက်နေ့ စတင်တော့မယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေကို ထိုင်းတီဗွီ ချန်နယ်တွေက ပြသသွားမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။ ထိုင်းအာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်ကို ပျော်ရွှင်ခြင်းတွေ ပြန်လည်ဆောင်ကျဉ်းပေးမယ့် ပေါ်လစီအရ ဘောလုံးပွဲစဉ် ၆၄ ပွဲကို အများပြည်သူ ကြည့်ရှုနိုင်အောင် အခမဲ့ ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ပြသပေးသွားဖို့ တွန်းအားပေးခဲ့တာပါ။ ပွဲစဉ် ၂၂ပွဲ ကို ထိုင်းချယ်နယ် ၇ နဲ့ ၈ကနေ တိုက်ရိုက်လွှင့်သွားမှာဖြစ်ပြီး ချယ်နယ် ၅ ကနေ အနည်းဆုံး ပွဲစဉ် ၃၈ ကနေ ၄၂ ပွဲအထိ ပြသနိုင်ဖို့ မျှော်လင့်ရကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့်မို့ မြန်မာနိုင်ငံမှာ ဒီဗွီဘီ ရုပ်မြင်သံကြား အစီအစဉ်တွေ ဖမ်းယူကြည့်ရှုနိုင်တဲ့ ဂြိုဟ်တုလိုင်းတွေ၊ ၈ ပေစလောင်း၊ IPM စလောင်း တပ်ဆင်ထားသူတွေ အနေနဲ့ ပါရှိတဲ့ ထိုင်းချန်နယ်တွေကနေတဆင့် ၂၀၁၄ ကမ္ဘာ့ဖလားကိုလည်း ကြည့်ရှုအားပေးနိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up