DVB Logo
Home
မြန်မာသတင်း
အခွန်ထမ်းပြည်သူများကို မှတ်ပုံတင်ထုတ်ပေးမည်
DVB
·
June 12, 2014
အခွန်ထမ်းပြည်သူများကို မှတ်ပုံတင်ထုတ်ပေးမည်
Donate to DVB

မြန်မာနိုင်ငံမှာ အခွန်ထမ်းပြည်သူတွေအတွက် ပထမဆုံးအကြိမ် အခွန်ထမ်းမှတ်ပုံတင် နံပါတ်တွေကို စတင်ထုတ်ပေးသွားဖို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဆောင်ရွက်နေတယ်လို့ ရန်ကုန်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ အခွန်အကောက်ဥပဒေရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Taxအခွန်ကောက်ခံရရှိတဲ့ပမာဏကို တိုးမြှင့်ဖို့ ခုလို ရည်ရွယ်လုပ်ဆောင်တာဖြစ်တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေမှာ အခွန်ထမ်းတွေအတွက် အခွန်ထမ်းမှတ်ပုံတင်နံပါတ်တွေ ရှိပေမယ့် မြန်မာနိုင်ငံမှာ အခုအချိန်အထိ မရှိသေးတာကြောင့် လုပ်ဆောင်တာလို့ ပြည်တွင်း အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျကြည်ညွန့်က ကုန်သည်အသင်းချုပ်ရုံး (UMFCCI) မှာပြုလုပ်တဲ့ အခွန်အကောက်ဥပဒေ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

အခွန်စနစ်ကိုလည်း အခွန်ရုံးက စည်းကြပ်တဲ့စနစ် မဟုတ်ဘဲ အခွန်ထမ်းက ကိုယ်တိုင်စည်းကြပ်တဲ့ အခွန်စနစ်ပုံစံ ပြောင်းလဲသွားမယ်လို့ ဦးဇေယျကြည်ညွန့်က ပြောပါတယ်။

တိုင်းပြည်မှာ အခွန်အကောက်ရရှိမှုက GDP ရဲ့အချိုးအရ ၄ ရာခိုင်နှုန်းကျော်ကျော်သာရှိလို့ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ရင် မြန်မာက အနိမ့်ဆုံး အဆင့်မှာ ရှိနေတဲ့အတွက် အခုလို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ရတာလို့လည်း ပြည်တွင်းအခွန်ဦးစီးဌာနက ပြောပါတယ်။

ကုန်သည်အသင်းချုပ်ရုံး (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ကတော့ ဒီစနစ်သစ်ကြောင့် အခွန်ရှောင်တဲ့သူတွေအတွက် ကိုယ့်ဘာကိုယ် တာဝန်ယူလာရမယ့် အခြေအနေမှာ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးသစ်လက်ထက်မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အခွန်မူဝါဒတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ပြုပြင်ပြောင်းလဲရေးကလည်း တခု အပါအ၀င် ဖြစ်ပါတယ်။ ဒီ့အတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ မဟာဗျူဟာ တရပ်ကို ရေးဆွဲထားပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ကောက်ခံရရှိတဲ့အခွန်ပမာဏက ရန်ကုန်တိုင်းဒေသကြီး တခုတည်းကနေ ကျပ် ၇၁၀ ဘီလီယံ ရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းအခွန်ရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013