DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအခြေအနေ လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ညီလာခံတွင် ဆွေးနွေး
DVB
·
June 12, 2014
မြန်မာနိုင်ငံအခြေအနေ လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ညီလာခံတွင် ဆွေးနွေး
Donate to DVB

စစ်မက်ဖြစ်ပွားရာ ဒေသတွေအတွင်း လိင်အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ ညီလာခံကို လန်ဒန်မြို့မှာ ကျင်းပနေပါတယ်။

ဒီညီလာခံမှာလည်း မြန်မာနိုင်ငံက အမျိုးသမီးအရေး လှုပ်ရှားသူတွေ ပါဝင်တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပွားနေတဲ့ လိင်အကြမ်းဖက်တွေကို ဆွေးနွေးတင်ပြမှု ရှိခဲ့ပါတယ်။

ttn 1ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေအတွင်း လိင်အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ ညီလာခံကို ဇွန် ၁၁ ရက်ကနေ ၁၄ ရက်ထိ ၄ ရက် ကျင်းပနေတာ ဖြစ်ပါတယ်။

ဒီညီလာခံအတွင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုနဲ့ နော်ဝါးခူရှီးတို့က မြန်မာနိုင်ငံတွင်း အမျိုးသမီးတွေရဲ့ လိင်အကြမ်းဖက်မှု ခံရတဲ့ အခြေအနေနဲ့ အကာအကွယ်ပေးမှု အခြေအအနေတွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒီညီလာခံကို တက်ရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့အကြောင်းအရာကို ကမ္ဘာသိအောင် ပြောနိုင်သလို ဒီကိစ္စဟာ ကမ္ဘာကြီးရဲ့ ပြဿနာဖြစ်တယ်ဆိုတာ ထောက်ပြနိုင်တယ်လို့ ဒေါ်တင်တင်ညိုက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့တုန်းက ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးသမီးအဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ၃ နှစ်အတွင်း ကချင်အမျိုးသမီး ၇၀ ကျော်ကို အစိုးရတပ်က အဓမ္မကျူးလွန်ပြီး အဲဒီထဲက တ၀က်လာက် ဟာ အဓမ္မပြုကျင့်ခံရအပြီး သတ်ဖြတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်မက်ဖြစ်ပွားရာ ဒေသတွေအတွင်း လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ဆိုင်ရာညီလာခံကို ဒါ ပထမဆုံးအကြိမ် စတင်ကျင်းပတာ ဖြစ်ပြီး မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၁၅၀ က ကိုယ်စားလှယ် ၂ ထောင် ခန့် တက်ရောက်နေပါတယ်။

ဒီညီလာခံမှာ မြန်မာနိုင်ငံ အမျိုးသမီးအရေး လှုပ်ရှားသူအဖွဲ့တွေက ကိုယ်စားလှယ် ၈ ဦးလောက်တက်ရောက်ခဲ့သလို အစိုးရဘက်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးသန်းကျော် တက်ရောက်ပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013