ဖီဖာတာဝန်ရှိသူများ၏ ရာထူးသက်တမ်း ကန့်သတ်ရန် အဆိုပြုချက် အဖွဲ့ဝင်နိုင်ငံများ ကန့်ကွက်

ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ တာဝန်ရှိသူတွေကို ရာထူးသက်တမ်းနဲ့ အသက်အရွယ် ကန့်သတ်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုပြုချက် ၂ ချက်ကို ဖီဖာအဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်ခဲ့ ကြတယ်လို့ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ပြောဆိုပါတယ်။ [caption id="attachment_58458" align="alignright" width="300"]ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ[/caption]ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ကျင်းပတဲ့ ဖီဖာကွန်ဂရက်မှာ အဖွဲ့ဝင်နိုင်ငံတွေက အဲဒီ အဆိုပြုချက် ၂ ရပ်လုံးကို မဲခွဲ ငြင်းပယ်ခဲ့ကြတယ်လို့ ပြောဆိုပြီး မဲအရေအတွက် အတိအကျကိုတော့ ဖီဖာက ထုတ်ပြန်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက အခုချိန်အထိ ဖီဖာဥက္ကဋ္ဌရာထူးအတွက် ကိုယ်စားလှယ် လျှောက်ထားခွင့် မပြုသေးလို့ ပြောဆိုပါတယ်။ သူ့ရဲ့ ဖီဖာဥက္ကဋ္ဌရာထူး ၄ နှစ်မြောက်သက်တမ်းက လာမယ့်နှစ် မေလထဲမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် သူ့လုပ်ငန်းတာဝန်တွေ မပြီးပြတ်သေးဘူးလို့လည်း ဖီဖာဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။ အသက် ၇၈ နှစ်ရှိ ဆွစ်ဇာလန်နိုင်ငံသား ဆပ်ဘလတ္တာဟာ ၁၉၉၈ ကတည်းက ဖီဖာဥက္ကဋ္ဌရာထူးကို ရယူခဲ့တာ ဖြစ်ပြီး ၅ နှစ်မြောက် ဥက္ကဋ္ဌ ရာထူးရယူဖို့လည်း စိုင်းပြင်းနေတာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကာတာနိုင်ငံမှာ ကျင်းပခွင့်ရရေးမှာ လာဘ်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဆပ်ဘလတ္တာကို ဖီဖာဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up