ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်အောင်မလုပ်ဟု ဆန္ဒပြခေါင်းဆောင်ပြော

ကမ္ဘာ့ဖလားပွဲ ကွင်းဖွင့်ပွဲ ကျင်းပမယ့် ဇွန် ၁၂ ရက် ဒီနေ့မှာ ဆောပိုလိုမြို့ပတ်ရထား ၀န်ထမ်းတွေ ဆန္ဒပြပွဲ ပြုလုပ်ကြမှာဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်မှုရှိမှာမဟုတ်ကြောင်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ပြောဆိုကြပါတယ်။ ဒါ့အပြင် အလုပ်ကိုလည်း ပုံမှန်ဆင်းမှာဖြစ်ကြောင်း အလုပ်သမားသမဂ္ဂက အခုလို ဆုံးဖြတ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပွဲဘောလုံးပွဲနဲ့ ဖွင့်ပွဲကို လာရောက်ကြမယ့် ပရိသတ်တွေအဖို့ စိတ်သက်သာရာရခဲ့ကြပါတယ်။ Brazil Protestအဖြုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်မခန့်ပေးရင် ဒီနေ့ မနက် ၁၀ နာရီကစပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားကိုတော့ ထိခိုက်မှုမရှိစေရဘူးလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် အက်တီလီယို ဖွန်တာနာက (Atilio Fontana)က ပြောဆိုပါတယ်။ ဇွန် ၁၂ ရက်နေ့ ဆန္ဒပြပွဲမှာ လုပ်ခတိုးပေးဖို့ကိုလည်း ထပ်မံ တောင်းဆိုဦးမယ်လို့လည်း အလုပ်သမားသမဂ္ဂက ပြောဆိုပါတယ်။ မြို့ပတ်ရထားကုမ္ပဏီက လုပ်ခ ၉ ရာခိုင်နှုန်းလောက် တိုးပေးခဲ့ပြီး ဖြစ်ပေမယ့်လည်း ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ခ ၁၂ ရာခိုင်နှုန်း တိုးပေးဖို့ မြို့ပတ်ရထား အလုပ်သမားတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဇွန် ၉ ရက်နေ့က မြို့ပတ်ရထားဝန်ထမ်းတွေ နောက်ဆုံး ဆန္ဒပြခဲ့ကြပြီး ရဲတွေက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ဆောပိုလိုမြို့ရဲ့ သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်းတွေလည်း လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up