Home
သတင်းဓာတ်ပုံ
ဖယ်ခုံတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ၃ ဦးကို အာဇာနည်သူရဲကောင်းများအဖြစ် ဂုဏ်ပြု (ဓာတ်ပုံ)
DVB
·
March 21, 2023

ဖယ်ခုံတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ယောက်ကို အာဇာနည်သူရဲကောင်းတွေအဖြစ် အသိအမှတ်ပြု အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရှေ့ဆက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် (၃) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်းဒေသဆီ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေကို KNDF တပ်ရင်းအမှတ် (၃)၊ ဖယ်ခုံ PDF တပ်ရင်း (၂) နဲ့ အလယ်ပိုင်းတိုင်း PDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးတော့ တပ်ရင်းအမှတ် (၃) က ရဲဘော် ၂ ယောက်နဲ့ ဖယ်ခုံ PDF က ရဲဘော် ၁ ယောက် ကျဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က လက်နက်တွေကို လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်။

ကရင်နီပြည်နယ်ဟာလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်တာမို့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ဖို့ လက်နက်လိုအပ်ချက်အတွက် KNDF တပ်ရင်းအမှတ် (၃) က ပထမဆုံး ပြုလုပ်တဲ့ “လူထုလက်ဆောင် AK ကျည် ၅၀၀၀” ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့နိုင်ကြဖို့လည်း ပြည်သူတွေကို ဖိတ်ခေါ်ထားပါတယ်။

ပါဝင်ထောက်ပံ့ကူညီလိုတဲ့ ပြည်သူတွေအနေနဲ့ မဲလက်မှတ်တစ်စောင်ကို မြန်မာငွေ ၂၀၀၀၀ ကျပ်နဲ့ ပါဝင်နိုင်မှာဖြစ်ပြီးတော့ သတ်မှတ်မဲအ‌စောင်ရေ ၁၅၀၀ သာရောင်းချသွားမှာဖြစ်ကာ KNDF တပ်ရင်းအမှတ် (၃) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024