DVB Logo
Home
Lead Story
၂၀၁၅ မတိုင်ခင် ကျူးကျော်အစစ်များကို ယာယီ နေရာချထားပေးမည်
DVB
·
June 12, 2014
၂၀၁၅ မတိုင်ခင် ကျူးကျော်အစစ်များကို ယာယီ နေရာချထားပေးမည်
Donate to DVB

[caption id="attachment_58449" align="alignright" width="300"]ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်တဲများ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်တဲများ[/caption]လာမယ့် ၂၀၁၅ ခုနှစ် မတိုင်မီ နိုင်ငံအနှံ့က ကျူးကျော်နေထိုင်သူတွေကို မြို့သစ်တွေမှာ ယာယီ နေထိုင်ခွင့်ပြုပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးစိုးတင့်က ပြောပါတယ်။

ဇွန် ၁၁ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် သူရဦးအောင်ကိုက အစိုးရအနေနဲ့ ကျူးကျော်တွေဆိုပြီး ပြည်သူတွေကို အင်အားသုံး ရှင်းလင်းဖယ်ရှားနေတာ မသင့်တော်တဲ့အကြောင်း၊ ကျူးကျော်အတုတွေကို အရေးယူတာ ပြဿ နာ မရှိပေမယ့် နှစ်ပေါင်းများစွာ နေထိုင်ပြီး ကျူးကျော်ဖြစ်နေတဲ့သူတွေကို ယာယီဖြစ်စေ၊ နေရာချထားပေးနိုင်မှု ရှိ၊ မရှိ မေးမြန်းတာကို ပြည်ထောင်စုဒုဝန်ကြီးက ခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ကျူးကျော်တွေကို ယာယီ နေရာချထားရေးကိစ္စ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်း အကောင်အထည် ဖော်သွားမှာ ဖြစ်ပြီး အသေးစိတ်အစီအစဉ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013