
ပဲခူးတိုင်း၊ ပြည်မြို့၊ ဆင်စုရပ်ကွက်မှာရှိတဲ့ နေအိမ်တအိမ်မှာ မတ်လ ၂၀ ရက် နေ့လယ်က အသက် ၂၅ နှစ်အရွယ် အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူဟာ မိသားစုဝင်တွေ မရှိတဲ့အချိန် နေအိမ်အပေါ်ထပ်မှာရှိတဲ့ ထုပ်တန်းမှာ ဆွဲကြိုးချ သေဆုံးနေတာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်မြို့အခြေစိုက် လူမှုကူညီရေးအသင်းက ဆိုပါတယ်။
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြည်မြို့က ကုတင် ၅၀၀ ဆေးရုံကို ပို့ဆောင်ထားပြီး ဘာကြောင့်သတ်သေရလဲ ဆိုတာကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၇ ရက် ညပိုင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦး မိသားစုဝင်တွေ မရှိတဲ့အချိန်မှာ ဆွဲကြိုးချသေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။