Friday, June 9, 2023
HomeLead Storyကျောက်တော်တွင် စစ်ဘေးရှောင် လူငယ် ၃ ဦး လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်

ကျောက်တော်တွင် စစ်ဘေးရှောင် လူငယ် ၃ ဦး လုပ်ငန်းခွင်အတွင်း ဓာတ်လိုက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် လူငယ် ၃ ဦးဟာ မတ်လ ၂၀ ရက်နေ့က ဝိုင်ဖိုင်တိုင် ထူစိုက်ရာမှ ဓာတ်လိုက်ပြီး ကျောက်တော်ရုံမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုဓာတ်လိုက်ပြီး ဆေးရုံတင်ထားရတဲ့ သူတွေဟာ ကျောက်တော်မြို့ မဟာကံကြီးရှင် စစ်ဘေးရှောင်စခန်းက မောင်းအေးလှထွန်း (၁၇နှစ်)၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းက မောင်အောင်သိန်းထွန်း (၁၈ နှစ်)၊ မောင်ကျော်ဆန်း (၁၈ နှစ်)တို့ဖြစ်ကြပါတယ်။

သူတို့ ၃ ဦးဟာ ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ Mytel ဝိုင်ဖိုင်တိုင် စိုက်ထူနေကြချိန်မှာ အနီးက ဓာတ်မီးတိုင်နဲ့ထိပြီး ဓာတ်လိုက်ကြတာလို့ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့ Mytel ဝိုင်ဖိုင်တိုင် စိုက်နေကြတာ အဲဒီအချိန်မှာ မိုးလည်းရွာနေတော့ သူတို့စိုက်နေတဲ့တိုင်က အနီးက ဓာတ်တိုင်က မီးကြိုးနဲ့ထိသွားတယ်လို့သိရတယ်။ အဲဒီမှာ ဓာတ်လိုက်တာဖြစ်တယ်။ ဒဏ်ရာတွေက နည်းနည်းတော့များတယ်။ သိပ်စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး။”

ဓာတ်လိုက်သွားတာကြောင့် မောင်အေးလှထွန်းမှာ ခြေနှစ်ဖက်လုံး၊ မောင်အောင်သိန်းက မေ့စေးနဲ့ လက်နှစ်ဖက်လုံး၊ မောင်ကျော်ဆန်းက ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေကြရပါတယ်။

ကျောက်တော်မြို့က စစ်ရှောင်တွေဟာ စစ်ကောင်စီက ရိက္ခာထောက်ပံ့မှုတွေ မရှိတာကြောင့် စားဝတ်နေရေေအတွက် ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရတယ်လို့ သိၕပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လအတွင်းကလည်း စစ်တွေမြို့မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်သူ လူငယ် ၃ ဦး ဓာတ်လိုက်တာကြောင့် တဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြပါတယ်။

ဓာတ်ပုံ-ဖြူစင်မေတ္တာလူမှုကူညီရေးအသင်း

RELATED ARTICLES
- Advertisment -
Google search engine

Most Popular