Thursday, June 8, 2023
HomeLead Storyထိုင်းနိုင်ငံက ရာဘာခြံထဲတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံက ရာဘာခြံထဲတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ နခွန်ရာ့ချ်စီမာခရိုင်မှာရှိတဲ့ ရာဘာခြံတခြံမှာ  ပုန်းခိုနေတဲ့ မြန်မာနိုင်ငံသား ၃၉ ဦးကို မတ် ၁၇ ရက်က  ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရာဘာခြံထဲမှာ ပုန်းခိုနေတဲ့ လူတစ်စုကိုတွေ့ရှိတယ်လို့ ဒေသခံတွေရဲ့ တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက် ထိုင်းအာဏာပိုင်တွေက သွားရောက်ရှာဖွေခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ ပုန်းခိုနေတဲ့သူတွေထဲက တစ်ချို့က အစာရေစာ ပြတ်လပ်မှုတွေကြောင့် အာဟာရပြတ်လပ်နေပြီး လမ်းလျှောက်ဖို့တောင် အခက်ခဲဖြစ်နေသူတွေရှိတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့‌ထွက်ဆိုချက်အရ ပွဲစားဖြစ်သူကို ဘတ် ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ပေးဆောင်ခဲ့ရပြီး တစ်ချို့က မလေးရှားနိုင်ငံအထိ ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဖမ်းခံရတဲ့သူတွေအနေနဲ့ ရာဘာခြံထဲမှာ ရက်ဘယ်လောက်ကြာအောင် ပွဲစားကပစ်သွားခဲ့သလဲဆိုတာကို မသိရှိရပဲ အခု ဖမ်းဆီးခံရသူတွေအပါအဝင် မတ် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ သုံးရက်အတွင်း နခွန်ရာ့ချ်စီမာခရိုင်တစ်ခုတည်းမှာတည် မြန်မာနိုင်ငံသား ၈၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေအရ သိရပါတယ်။

PHOTO CREDIT-Nakhon city

RELATED ARTICLES
- Advertisment -
Google search engine

Most Popular