DVB Logo
Home
မြန်မာသတင်း
အာဆီယံ ပြန်ကြားရေ၀န်ကြီးများ ဆွေးနွေး
DVB
·
June 11, 2014
အာဆီယံ ပြန်ကြားရေ၀န်ကြီးများ ဆွေးနွေး
Donate to DVB

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ အာဆီယံနိုင်ငံတွေက ပြန်ကြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

10363980_519423318185539_7026317298489785572_nအာဆီယံဒေသတွင်းက အဆင့်မြင့်အရာရှိကြီးတွေနဲ့ အာဆီယံရဲ့ဆွေးနွေးဘက် တရုတ်၊ ဂျပန်၊ တောင်ကိုရီယား ၃ နိုင်ငံက အဆင့်မြင့်ပုဂ္ဂိုလ်တွေပါဝင်တဲ့ ၁၂ ကြိမ်မြောက် ပြန်ကြားရေးဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်မှာ ဇွန် ၁၁ ကနေ ၁၂ ရက်အထိ ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲမှာ  အာဆီယံဒေသတွင်းပြည်သူတွေအကြားမှာ အာဆီယံ အကြောင်းသိရှိမှု ပိုမိုမြှင့်တင်နိုင်ဖို့နဲ့  ဒေသတွင်းရှိ   ပြည်သူတွေရဲ့ ရင်းနှီးခင်မင်မှု ပိုမိုခိုင်မြဲလာစေဖို့အတွက် အာဆီယံပြန်ကြားရေးဝန်ကြီးတွေက အလေးထားပြောဆိုဆွေးနွေးခဲ့ကြတယ်လို့  ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

ဒီ့ပြင် အာဆီယံဒေသတွင်းနဲ့ ပတ်သတ်လို့ စုစည်းထားရှိတဲ့ သတင်းအချက်အလက်ဆိုင်ရာ webportal ကိုလည်း ပိုမိုကောင်းမွန်တဲ့  webportal အသစ်တခုနဲ့ အစားထိုးသွားဖို့ရှိတလို့ ဆိုပါတယ်။

ဒီ webportal ကို ပထမအဆင့်အနေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ထည့်သွင်းထားရှိမှာဖြစ်ပေယ့် နောက်ပိုင်းမှာတော့ သက်ဆိုင်ရာနိုင်ငံအလိုက် ဘာသာစကားနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ လူမှုစီးပွားဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိမှာဖြစ်တဲ့ အကြောင်း ဦးဝင်းကြည်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ဒေသတွင်းက ပြန်ကြားရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးတွေနဲ့ ကိုယ်စားလှယ်တွေ အပါအ၀င် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတွေနဲ့ လေ့လာသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013