DVB Logo
Home
မြန်မာသတင်း
စဥ့်ကူး လယ်သမား ၈၀၀ ခန့် ၆ ရက်မြောက် ထွန်တုံးတိုက်ပွဲဆင်နွှဲ
DVB
·
June 11, 2014
စဥ့်ကူး လယ်သမား ၈၀၀ ခန့် ၆ ရက်မြောက် ထွန်တုံးတိုက်ပွဲဆင်နွှဲ
Donate to DVB

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာက လယ်သမား ၈၀၀ လောက်က သိမ်းဆည်းခံ လယ်မြေတွေပြန်ရရေး သီတင်းတပတ်နီးပါးကြာ ထွန်တုံး တိုက်ပွဲဆင်နွဲပြီး တောင်းဆိုနေပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့ကစပြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ လယ်သမား ၈၀၀ လောက်က ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့တာ ဒီကနေ့ ၆ ရက်မြောက်ရှိပါပြီ။

 

[caption id="attachment_58408" align="alignright" width="300"]ဇွန်လ ၆ ရက်နေ့က လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် ဇွန်လ ၆ ရက်နေ့က လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ်[/caption]

ညောင်ဝန်းကျေးရွာဒေသက လယ်ယာမြေဧက ၃ ထောင်ကျော်ကို ဂရိတ်ဝေါကုမ္ပဏီရဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မူနဲ့ ၁၉၇၃ ခုနှစ်ဝန်းကျင်က စစ်တပ်ကနေ လွှဲပြောင်းသိမ်းယူခဲ့ခြင်း ဖြစ်ပြီး ဒီလယ်ယာမြေတွေ ပြန်ရဖို့ မူလပိုင်ရှင်လယ်သမားတွေက ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

ညောင်ဝန်းကျေးရွာသား ဦးစိန်ဌေးကတော့ သိမ်းဆည်းခံ လယ်ယာမြေတွေမှာ လယ်ယာမြေပြန်ပေးဖို့ တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ သွားရောက် စိုက်ထူခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ညောင်ဝန်းကျေးရွာခံတွေက လယ်ယာမြေတွေပြန်ရဖို့အတွက် ၂၀၀၂ ခုနှစ်က စတင်ကာ သက်ဆိုင်ရာကို အကြိမ်ကြိမ်စာတင်ပြ တောင်းဆိုခဲ့ပေမယ့် မရရှိတာကြောင့် အခုလို ထွန်တုံးတိုက်ပွဲဆင်နွှဲတာဖြစ်ပြီး လာရောက်ညှိနိုင်းတာ မရှိသေးဘူးလို့ ပြောပါတယ်။

အလားတူ ကန့်ဘလူမြို့နယ်မှာလည်း မြေမွန်ကျေးရွာက လယ်သမားတွေဟာ သိမ်းဆည်း လယ်ယာမြေတွေ ပြန်ရရေးအတွက် ထွန်တုံးတိုက်ပွဲ ဆက်လက် ဆင်နွှဲနေကြပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ မကြာခဏဆိုသလို သိမ်းဆည်းခံ လယ်ယာတွေ ပြန်ရရေးအတွက် ဒေသခံ လယ်သမားတွေက သိမ်းဆည်းခံလယ်ယာမြေတွေထဲမှာ အတင်း ၀င်ရောက် ထွန်ယက်စိုက်ပျိုးမှုတွေရှိနေပြီး အစိုးရက ဖမ်းဆီး အရေးယူ ထောင်ချမူတွေလည်း ရှိနေပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013