တွက်ခြေမကိုက်လို့ New Gen- Airways လေကြောင်းလိုင်း ရပ်ဆိုင်း

New Airwaysတွက်ခြေ မကိုက်တော့တဲ့အတွက် စုစုပေါင်း ၄ ကြိမ်လောက် ပြေးဆွဲပြီးနောက် မြိတ်- ဘန်ကောက် ပြေးဆွဲနေတဲ့ New Gen- Airways လေကြောင်းလိုင်းကို မေလကုန်မှာ ယာယီ ရပ်ဆိုင်းလိုက်ပြီလို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတယောက်က ဒီဗွီဘီ ကို အတည်ပြုပြောဆိုပါတယ်။ နဂိုတုန်းက ဒီလေကြောင်းလိုင်းကို မြိတ် အများပိုင် ကော်ပိုရေးရှင်းနဲ့ မြန်မာယူနီယံ အပ်စ်ပရက်စ် အက်တီဗေးရှင်း ဂရုဖ် တို့ ပူးပေါင်းပြီး ခရီးသည်နဲ့ ရေထွက်ကုန် အပါအ၀င် ကုန်စည် ပို့ဆောင်တဲ့ လေကြောင်းလိုင်းအဖြစ် အသုံးပြုဖို့ ပြေးဆွဲခဲ့ကြတာပါ။ စပြီး ပြေးဆွဲစဉ်ကတည်းက ကုန်ပစ္စည်းသယ်ဖို့ အပ်နှံသူ မရှိတာ၊ လူ ၁၀၀ ကျော်ဆံ့ လေယာဉ်မှာ ခရီးသည် ၃၀-၄၀ လောက်ပဲ လိုက်ပါတာကြောင့် တွက်ခြေမကိုက်ပဲ လေကြောင်းခရီးစဉ်ကို ရပ်ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up