Home
စီးပွားရေး
မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း ၂ ဆကျော် ခုန်တက်
DVB
·
June 11, 2014
LPG GASပြီးခဲ့တဲ့ လပိုင်းအထိ ၁ ပိဿ      ကျပ် ၂၆၀၀ ၀န်းကျင်ရှိခဲ့တဲ့ မီးဖိုချောင်သုံး ဂက်စ်အရည် Liquid Petroleum Gas- LPG ဈေးနှုန်းဟာ ကျပ် ၆၅၀၀ အထက်အထိ နှစ်ဆ ကျော် မြင့်တက်သွားပြီး ရောင်းစရာ ဂက်စ်လည်း မရှိတဲ့အတွက် တချို့ဆိုင်တွေ ပိတ်ထားရတယ်လို့ အာကာမိုး ဂက်စ်အရောင်းဆိုင်က ဒီဗွီဘီကို ပြောပါတယ်။ ခုလို ဖြစ်ရတာဟာ ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားပြီး ထိုင်းဘက်က ဂက်စ် တွေ ၀င်မလာတာကြောင့် ပစ္စည်းပြတ်ပြီး ဈေးတက်သွားရတာလို့ သူက ပြောပြပါတယ်။ ရန်ကုန်မှာ LPG ကို စားသောက်ဆိုင်နဲ့ ဟိုတယ်တွေက အများဆုံး အသုံးပြုနေကြပြီး အလျင်အမြန် ချက်ပြုတ်လိုတဲ့ အိမ်ရှင်မတွေကလည်း အသုံးပြုကြပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ဂက်စ်ကို ၀ယ်ယူပြီး မဲဆောက်လို နယ်ခြားဒေသ ပြည်သူတွေ ဈေးပေါပေါနဲ့ သုံးနိုင်အောင် LPG ကို အရှုံးခံ ရောင်းပေးနေပြီး၊ အဲဒီ ဂက်စ်တွေ မြန်မာနိုင်ငံထဲ မှောင်ခိုပြန်ဝင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024