ရန်ကုန်က အဆောက်အဦ ၄၀ ရာခိုင်နှုန်း တရားမ၀င်

ရန်ကုန်မှာ စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် ပေးထားတဲ့ အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အဆောက်အဦ ၁ ထောင်ကျော်ဟာ ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်ထားတာ ဖြစ်ပြီး တရားစွဲဆိုထားတယ်လို့ စည်ပင်အင်ဂျင်နီယာ ဌာန တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုပါတယ်။ yangon building၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင် အင်ဂျင်နီယာဌာနဟာ အထပ်မြင့် ၆၀၀ ကျော်နဲ့ လုံးချင်း ၂ ထောင်ကျော် ဆောက် လုပ်ခွင့်ပေးခဲ့ပါတယ်။ အဆောက်အဦ ၁ ထောင်ကျော်ကတော့ တနေ့ ဒဏ်ကြေး ကျပ် ၁ သောင်း ပေးပြီး ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်နေတဲ့အတွက် အုတ်မြစ်ချစ အဆောက်အဦတွေကိုတော့ ပြန်လည် ဖြိုချမယ်လို့ သူက ပြောပါတယ်။ ခုလို ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်မှုတွေ များလာတဲ့အတွက် နောက်ပိုင်း ကန်ထရိုက်တွေနဲ့ လက်သမားတွေကိုပါ အရေးယူသွားမယ့် ဥပဒေကြမ်းတရပ် တင်ပြထားတယ်လို့ သူက ရှင်းပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up