အီဂျစ် စစ်ခေါင်းဆောင်ဟောင်း သမ္မတသစ်အဖြစ် ကျမ်းကျိန်

အီဂျစ်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ဟောင်း အဘ်ဒယ် ဖာတာ အယ်လ်စီစီဟာ အီဂျစ်ရဲ့ သမ္မတသစ်အဖြစ် ဇွန် ၈ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ unnamedကျမ်းသစ္စာ ကျိန်ဆိုပွဲကို မြို့တော် ကိုင်ရိုက အခြေခံဥပဒေခုံရုံးမှာ ကန့်သတ်ထားတဲ့ မီဒီယာတွေနဲ့ တင်းကျပ်တဲ့ လုံခြုံရေးကြားမှာ ကျင်းပတာ ဖြစ်ပါတယ်။ မနှစ်က ဗိုလ်ချုပ်ကြီး အယ်လ်စီစီဟာ ရွေးကောက်ခံသမ္မတ အစ္စလာမ်မစ်ခေါင်းဆောင် မိုဟာမက် မော်စီကို ရာထူးက ဖြုတ်ချခဲ့ပြီးတည်းက သဘောထားကွဲလွဲသူတွေအပေါ် နှိမ်နင်းမှုတွေကြောင့် အနောက်မဟာမိတ်တွေက စိုးရိမ်လို့ အဓိကမကျတဲ့ ကိုယ်စားလှယ်တွေသာ ဒီပွဲကို တက်ရောက်ပါတယ်။ ဒီပွဲမှာ စီစီက ပြည်သူတွေရဲ့ အကျိုးစီးပွား ညီညွတ်ရေး ဥပဒေနဲ့ သမ္မတစနစ်တို့ကို ကာကွယ်မယ်လို့ ကျိန်ဆိုတာကို နိုင်ငံပိုင် ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်ပါတယ်။ အရင်လက သမ္မတရွေးကောက်ပွဲမှာ စီစီဟာ ၉၇ ရာခိုင်နှုန်း ထောက်ခံမဲနဲ့ မဲနိုင်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါဟာ လေတပ်ဦးစီးချုပ် အာဏာရှင်ဟောင်း ဟိုစနီမူဘာရတ်ရဲ့ နှစ် ၃၀ ကြာ အုပ်စိုးမှုကို အဆုံးသတ်ခဲ့တဲ့ လူသိများတဲ့ ၂၀၁၁ ဆန္ဒပြပွဲအပြီး ၃ နှစ်အကြာမှာ ကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ မူဘာရတ်ကို ဖြုတ်ချပြီး ဒီမိုကရေစီခေတ်သစ်ကို မျှော်လင့်တဲ့ အနောက်နိုင်ငံတွေကတော့ အခြေအနေကို စောင့်ကြည့်နေပါတယ်။ မူဘာရတ် ပြုတ်ကျပြီး တက်လာတဲ့ ရွေးကောက်ခံသမ္မတ မိုဟာမက်မော်စီကတော့ အာဏာ အလွန်အကျွံ သုံးမှု၊ ညီနောင်များအဖွဲ့ရဲ့ အစ္စလာမ်မစ်အမြင်ကို သွတ်သွင်းမှု၊ စီးပွားရေးတလွဲ စီမံမှုတွေနဲ့ စွပ်စွဲခံထားရပြီး မော်စီကတော့ စွပ်စွဲချက် အားလုံးကို ငြင်းဆန်ထားပါတယ်။ စီစီက မော်စီကို ဖြုတ်ချပြီးနောက် လုံခြုံရေးတပ်တွေရဲ့ ညီနောင်များအဖွဲ့အပေါ် အရေးယူမှု ကတော့ နိုင်ငံရဲ့ ၈၆ နှစ် သမိုင်းမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ရာနဲ့ချီတဲ့လူတွေ လမ်းပေါ် ဆန္ဒပြပွဲတွေမှာ သေဆုံးခဲ့ပြီး ထောင်နဲ့ ချီတဲ့လူတွေကတော့ ထောင်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up