DVB Logo
Home
မြန်မာသတင်း
သခင်မြပန်းခြံအနီးရှိ ဆိုင်ခန်းများ မီးလောင်ပြီး ၁၀ ခန်းထက်မနည်း ဆုံးရှုံး
DVB
·
March 2, 2023
သခင်မြပန်းခြံအနီးရှိ ဆိုင်ခန်းများ မီးလောင်ပြီး ၁၀ ခန်းထက်မနည်း ဆုံးရှုံး
Donate to DVB

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်၊ ၈ ရပ်ကွက်၊ အောင်ရတနာလမ်း၊ သခင်မြပန်းခြံအနီးမှာ မတ် ၂ ရက် ဒီနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်း ၁၀ ခန်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၄ နာရီခွဲက သခင်မြပန်းခြံအနီးရှိ အောင်ရတနာလမ်းမပေါ်က ဒံပေါက်ဆိုင်၊ စာအုပ်ဆိုင်၊ အထည်ဆိုင်တွေနဲ့ တခြားလူသုံးကုန်ပစ္စည်းဆိုင်တွေရဲ့ အတွင်းဘက် ဆိုင်ခန်းတွေက မီးစတင်လောင်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သခင်မြပန်းခြံရှေ့ ကပ်လျက်က ဆိုင်ခန်းတွေ၊ အပေါ်ထပ်ခိုးမှာ လူနေတယ်။ အောက်မှာ ဆိုင်ခန်းဖွင့်ထားတာ၊ အနည်းဆုံး ၁၀ ခန်းကျော်လောက်တော့ ပါသွားတယ်။”

မီးလောင်မှုဖြစ်စဥ်ကို ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ်တွေနဲ့ Level 2 အဆင့်သတ်မှတ်ပြီး တနာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရကာ မနက် ၅ နာရီ ၄၄ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ဒီနေ့မနက် ၁၁ နာရီ ၂၀ မိနစ်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်း စံပြဆေးရုံရှေ့ရှိ ဆေးဆိုင်မှာလည်း မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

လတ်တလောမှာ မီးလောင်ရတဲ့အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက ပြောဆိုခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013