DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
March 2, 2023
မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ်လ ၂ ရက်က တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောက်စီဘက်က ၁ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် တွင်းမရွာက ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေကို မတ်လ ၂ ရက် မနက် ၇ နာရီလောက်က တွင်းမရွာထိပ်မှာ ဒရုန်းတွေ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်(...) ၁ ယောက်၊ ရဲ(...) ၁ ယောက်၊ ပျူ(...) ၁ ယောက် အပြန်းအထန် ဒဏ်ရာရရှိသွားပြီး ပခုက္ကူဆေးရုံမှာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေစဥ် ၁ ယောက် သေဆုံးတယ်လို့ စုံစမ်းသိရတယ်။ စက်မှု ၂ ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၅ စီးကို မနက် ၉ နာရီခွဲလောက်မှာ စက်မှု ၂ နဲ့ ကိုင်းတောမကြားမှာ ကျနော်တို့ဘက်က လခြမ်းမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ဖောကားတစီးပေါ်က စစ်ကောင်စီတပ်သားတွေ အပြင်းအထန် ဒဏ်ရာရသွားပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီကား ၅ စီးကို မနက် ၁၀ နာရီ ၁၅ မိနစ်မှာ သရက်ကန်ပျူစခန်းနဲ့ တွင်းမပျူစခန်းကြားမှာ ရှော့တိုက်ဒုံး ၅ လုံးအပြင် မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သေဆုံးတဲ့ အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲခံရတဲ့ စစ်ကောင်စီကားဟာ တွင်းမရွာပျူစခန်းမှာ အချိန်အကြာကြီး ရပ်တန့်ထားပြီး ဆက်ထွက်လာလို့ မနက် ၁၁ နာရီလောက်က တွင်းမရွာနဲ့ ကမ္မရဲစခန်းကြားမှာ ရှော့တိုက်ဒုံး ၃ လုံး၊ လခြမ်းမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး စစ်ကောင်စီတပ်သားတွေက လမ်းဘေးက နေအိမ်တွေကို ရမ်းကားပစ်ခတ်သွားတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြိုင် ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၁၊ တပ်ခွဲ-၂ ဂဠုန်တပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့နဲ့ MDRF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ မြိုင်မြို့နယ်မှာပဲ မတ်လ ၁ ရက် ညနေပိုင်းက ပျူစောထီးရွာက နာရေးတခု ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) ကနေ သိရပါတယ်။

မြိုင်မြို့နယ် သရက်ကွ ပျူစောထီးရွာက နာရေးတခုကို မနေ့ မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်မီးပွားက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီရွာမှာ ပျူစောထီးတယောက် နာရေးရှိလို့ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဗျ။ ဗုံးသီးတွေကတော့ ပျူစောထီးတွေရှိတဲ့နေရာကို တည့်တည့်ကျတာကြောင့် ထိခိုက်သေဆုံးသူ များပြားနိုင်တယ်။”

သရက်ကွကျေးရွာမှာ ပျူစောထီး ၃၀ လောက်ကို စစ်ကောင်စီက သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားကာ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာလို့ ဗိုလ်မီးပွားက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetan တပ်ဖွဲ့၊ Hero New G.Z၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ PPDF၊ ဓားမင်းကြီး၊ PSTF တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြိုင်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013