DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့နယ်၊ ခလရ ၃၅ တပ်တွင် လက်နက်အလက် ၅၀ ပျောက်ဆုံး
DVB
·
March 2, 2023
သာယာဝတီမြို့နယ်၊ ခလရ ၃၅ တပ်တွင် လက်နက်အလက် ၅၀ ပျောက်ဆုံး
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အခြေစိုက် ခလရ ၃၅ တပ်က လက်နက်အလက် ၅၀ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ကြိတ်ဖြေရှင်းနေကြတယ်လို့ အဆိုပါ စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။

အဆိုပါတပ်ရင်းမှာ အရင်ကတည်းက တပ်ရင်းမှူးနဲ့ အပေါင်းပါတွေက သေနတ်တွေ ရောင်းစားနေကြတာဖြစ်ပြီး လက်ရှိ လက်နက်တွေ ပျောက်နေတဲ့ကိစ္စ ခုံရုံးဖွဲ့ပြီး စစ်ဆေးခံနေရတယ်လို့ အမည်မဖော်လိုသူ တပ်တွင်းနေ ဒေသခံတယောက်က ပြောပါတယ်။

“တပ်ထဲမှာ ပြဿနာက တခုတည်းမဟုတ်ဘူး။ အရင်ရက်ကလည်း ရိုးမပေါ်က ရှေ့တန်းမှာ ၁၁ ဦးကျတယ်။ တိုက်ပွဲကျတဲ့ စစ်သည် ၁၁ ဦးရဲ့ လက်နက်ခဲယမ်းကို ပြန်မကောက်နိုင်လို့ ခလရ ၃၅ တပ်ရင်းမှူးလည်း စုံခုံအစစ်ဆေးခံနေရတယ်။ အရင်ကတည်းက တပ်ရင်းမှူးက သေနတ်တွေ ရောင်းစားနေတာကြာပြီ။ သူက လည်တယ်။ ရှေ့တန်းကိုလူလွှတ်ရင်လည်း ဖွဲ့စည်းပုံမပြည့်ဘူး။ လူ ၅၀ လောက် လွှတ်တယ်ဆိုပြီး တကယ်က ၂၀-၂၅ လောက်ပဲလွှတ် ပြီးရင် ပြန်လာရင် ပိုတဲ့ လူ ၂၅ ယောက်လောက်ကို အသေစာရင်းနဲ့ ထွက်ပြေးစာရင်းလုပ်ပြီး ပြတယ်။ အဲ့လိုပြပြီး အဲ့ဒီလူတွေရဲ့ သေနတ်တွေကို သူရောင်းစားတယ်။”

သေနတ်တလက်ကို ကျပ်သိန်း ၄၀ မှ သိန်း ၁၂၀ အထိ ပေးရပြီး တိုက်ရိုက်မဟုတ်ဘဲ အဆင့်ဆင့်ဝင်ယူနေတာ ဖြစ်ပါတယ်။ ကျည်ဆန်ကတော့ အနည်းငယ်သာပေးပြီး ထပ်လိုချင်ပါက နောက်တယောက်နဲ့ ထပ်ချိတ်ပြီးဝယ်ရကြောင်း သေနတ်သာရောင်းပြီး ကျည်ဆန်ကိုတော့ အများကြီးမရောင်းဘူးလို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွင်းက အမည်မဖော်လိုသူတဦးက “အာဏာသိမ်းပြီးကာစလောက်ကတည်းက သာယာဝတီနယ်ဘက်က အုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေက သူ့ထံက သေနတ်တွေ ဝယ်ကိုင်နေကြတာ။ အဲ့ဒီတုန်းက သေနတ်ကိုင်ဥပဒေလည်း မထွက်သေးဘူးလေ။ အခုတော့ အဲဒီအုပ်ကြီးတွေက ခပ်တည်တည်နဲ့ လျှောက်ကြမှာပေါ့ သေနတ်ကိုင်ဆောင်ခွင့်၊ သာယာဝတီကို ဝီရသူလာသွားတာ အတိုတွေပါတယ်။ ပုံတွေမှာကို တွေ့နေရတယ်လေ။ ဘုန်းကြီးနောက်လိုက်တချို့မှာလည်း အတိုတွေပါလာကြတယ်။ သေနတ်တွေက အပြင်မှာ အရမ်းပျံ့နေကြတာ” လို့  ပြောပါတယ်။

သာယာဝတီနယ်ထဲမှာ ခလရ ၃၅ တပ်အပြင် အမှတ် ၁၀၁၀ လေကြောင်းရန်ကာကွယ်ရေးတပ် ရှိပြီး အဲ့ဒီတပ်မှာ လုံခြုံရေး ၂ ယောက်ပဲရှိကာ စစ်တပ်အငြိမ်းစား ပင်စင်စား သက်ကြီးရွယ်အိုတွေကိုလည်း လုံခြုံရေးတာဝန် ချထားပေးပါတယ်။

ခလရ ၃၅ က တပ်မ ၆၆ လက်အောက်ခံဖြစ်ပြီး အခုဖွဲ့စည်းပုံမပြည့်တာကြောင့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၃ ရင်းပေါင်းပြီး တပ်ရင်းတရင်းစာ စုဖွဲ့ကာ ရှေ့တန်းထွက်နေရပြီး လက်မောင်းဘတ်တံဆိပ်ကအစ အကုန်လုံး တပ်ရင်းတခုနာမည်ပဲသုံးပြီး ရှေ့တန်းထွက်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013