DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ပြည်သူ ၁၉၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
March 2, 2023
ဖားကန့်တွင် ပြည်သူ ၁၉၀ ကျော်ကို  စစ်ကောင်စီတပ်က ဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊  ရှရော်ခရွာနဲ့ စပိခူးရွာတို့မှာနေထိုင်တဲ့ ရွာသား ၁၉၃ ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်နဲ့  မတ်လ ၁  ရက်နေ့တွေမှာ  ဘာအပြစ်မှမရှိဘဲ  ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရှရော်ခရွာကို  မတ်လ ၁ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး  ရွာသား ၇၀ လောက်ကို  ဖမ်းဆီးသွားတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ 

"ညနေ ၃ နာရီလောက်မှာ ရှရော်ခရွာခံတွေ အဖမ်းခံရတယ်လို့ ပြောလာတယ်။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ လောက်လာပြီးဖမ်းသွားတာပါ။ ရွာခံတဦးက ကျနော်တို့နဲ့ အစည်းအဝေးရှိလို့ လွတ်သွားတာလေ။ အမျိုးသားတွေ အကုန်ဖမ်းနေတာ။ မနေ့က သူတို့စစ်ကြောင်း မိုင်းထောင်တိုက်ခိုက်ခံရလို့ ခုလိုလုပ်တာဖြစ်မယ်။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းကလည်း  စပိခူးရွာခံ ၄၅ ဦးကို ကနဦးဖမ်းဆီးခဲ့ပြီး ၄၃ ဦးကိုပြန်လွတ်ပေးတယ်လို့  ရွာခံတဦးကလည်း ပြောပါတယ်။

"အဖမ်းခံရတာက စပိခူးရွာခံ ၄၅ ဦးနဲ့ ဒီနေ့ ရှရော်ခရွာခံ ၁၄၈ ဦးဖမ်းခံရတာပါ။ မနေ့ကဖမ်းခံရတဲ့ စပိခူးရွာကတချို့တော့ပြန်လွတ်လာတယ်။ ၂ ဦးကိုပဲ ပြန်မလွှတ်ပေးတာ။ ဒီ‌နေ့ဖမ်းခံရသူတွေကို ရှရော်ခရွာနားက ကုမ္ပဏီ၀င်းထဲမှာ ဖမ်းချုပ်ထားတယ်။ မနက်ဖြန်မှ စားစရာတွေသွားပို့မယ်။"

စစ်ကောင်စီတပ်ဖွဲ့တွေက မိုင်းထောင်သူကို ဖမ်းမမိတာကြောင့် ရွာသားတွေကို အခုလို အစုလိုက် ဖမ်းဆီးနေတာဖြစ်ပြီး  သူတို့လိုချင်တဲ့လူ မရမချင်း ပြည်သူတွေကို နောက်ထပ်လည်း ဖမ်းလိမ့်မယ်လို့ ပြန်လွတ်လာတဲ့သူနဲ့ နီးစပ်သူက ပြောပါတယ်။

"သူတို့က မိုင်းထောင်တဲ့သူတွေကို ရှာတာ‌လေ။ မိုင်းပေါက်ကွဲတဲ့နေရာနဲ့ နီးစပ်တဲ့ရွာမှာနေတဲ့ ပြည်သူတွေကို ခုလိုဖမ်းဆီးနေတာဖြစ်တယ်။ သူတို့လိုချင်တဲ့သူကိုရှာတာ မရမချင်းတော့ ပြည်သူတွေ‌‌ နောက်ထပ်လည်းဖမ်းဆီးခံရနိုင်တယ်။"

ဖားကန့်မှာ ဖေဖော်ဝါရီလအတွင်း ဆိုင်းတောင်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF တို့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013