DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် တိုက်ပွဲ ၅၆၈ ကြိမ်ဖြစ်၊ အရပ်သား ၃၀၀ ကျော်နှင့် စစ်ရှောင် ၁၃၀ သေဆုံးဟု PKPF ထုတ်ပြန်
DVB
·
March 2, 2023
ကရင်နီဒေသတွင် တိုက်ပွဲ ၅၆၈ ကြိမ်ဖြစ်၊ အရပ်သား ၃၀၀ ကျော်နှင့် စစ်ရှောင် ၁၃၀ သေဆုံးဟု PKPF ထုတ်ပြန်
Donate to DVB

စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကရင်နီ (ကယား) ပြည်နယ်ထဲမှာ  တိုက်ပွဲအကြိမ်ရေ ၅၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သားပြည်သူ ၃၀၉ ယောက်နဲ့ စစ်ဘေးရှောင် သေဆုံးသူ အယောက် ၁၃၀ ထိ ရှိလာခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ခံရမှုကတော့ ၁၉၇ ကြိမ်ထိ ရှိခဲ့ပြီး ပျက်စီးသွားတဲ့နေအိမ် ၁,၃၅၂ လုံးနဲ့ ဘာသာရေးအဆောက်အဦ အလုံး ၃၀ ပျက်စီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး မတရား ဖမ်းဆီးခံထားရသူ ၂၇၉ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ၁,၆၃၅ ယောက် သေဆုံးကာ စစ်ကောင်စီယာဉ် ၅၈ စီး ပျက်စီးသွားခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဘက်က ၂၂၄ ယောက် ကျဆုံးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး မြေပြင်တိုက်ပွဲတွေ၊ သပိတ်စစ်ကြောင်းတွေ၊ လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ပြည်နယ်တခုဖြစ်နေပြီး အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကရော မြေပြင်ကပါ ထိုးစစ်ဆင် ဖိနှိပ်မှုတွေ ခံနေရတဲ့ ပြည်နယ်တခုဖြစ်ကာ အကြမ်းဖက် သတ်ဖြတ်ခံရမှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကရင်နီလူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုမှာတော့ ကျေးရွာပေါင်း ၅၀၀ ကျော်ရှိတဲ့ ကယားပြည်နယ် (ကရင်နီပြည်နယ်) က ကျေးရွာ ၈၉ ခုက နေအိမ် ၁,၁၉၀ ကို စစ်တပ်က ဖျက်ဆီးခဲ့ပြီးနောက် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြပါတယ်။

“အနာဂတ်မှာ ဒို့ဘယ်လိုအသက်ရှင်နိုင်မလဲ” ဆိုတဲ့ အစီရင်ခံစာတစောင်ကို ကရင်နီ လူ့အခွင့်အရေးအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013