DVB Logo
Home
မြန်မာသတင်း
တရုတ်လျှပ်စစ်ကားများကို မူဆယ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်းလာ
DVB
·
March 2, 2023
တရုတ်လျှပ်စစ်ကားများကို မူဆယ်နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသို့ ပထမဆုံးတင်သွင်းလာ
Donate to DVB

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်းစန်းကျော့-ဝမ်တိန် နှစ်နိုင်ငံကုန်သွယ်ရာ နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံထုတ်လျှပ်စစ်ကားတွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ နယ်စပ်လမ်းကြောင်းကနေ ပထမဆုံး တင်သွင်းလာတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“သုံးလေးဆယ်လောက် ဝင်တယ်။ သုံးလေးဆယ်လောက် ရောက်နေတယ်။ လက်ရှိ EV တွေ ဒီဘက်ကတင်သွင်းတာ ပထမဆုံးဟုတ်ပါတယ်” လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

EV လျှပ်စစ်ကားဈေးကတော့ တစီးကို  ဒေါ်လာ ၇,၈၀၀ ရှိပြီး မြန်မာပြည်မှာတော့ ဘယ်လောက်ဈေးနှုန်းနဲ့ရောင်းမယ်ဆိုတာတော့ မသိရသေးပါဘူး။

နောက်ထပ် ကုန်သည်တဦးက“မူဆယ် ကျင်စန်းကျော့ တရုတ်ပြည်ဝင်ပေါက်ကနေ သွင်းလာတဲ့ EV ကားလေးတွေတော့ ရောက်နေပြီ။ ဈေးကတော့ ဒေါ်လာ ၇,၈၀၀” လို့ ပြောပါတယ်။

ဇန်နဝါရီလက တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအစီး ၄ဝ ကို ပြည်တွင်းကုမ္ပဏီနှစ်ခုဖြစ်တဲ့ Chin Dwin Shan Construction ကုမ္ပဏီက အစီး ၃ဝ နဲ့ NPK Motors ကုမ္ပဏီက ၁ဝ စီး ပထမဆုံးအကြိမ်အဖြစ် စတင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

EV Charger 60 KW ငါးစုံလည်း ဖေဖော်ဝါရီ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒုတိယအကြိမ်အဖြစ် တင်သွင်းရောက်ရှိလာကာ အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့တာဖြစ်​ကြောင်း စစ်​ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လျှပ်စစ်ကား (EV) တွေအတွက် အိမ်တွေမှာ တပ်ဆင်အသုံးပြုနိုင်တဲ့ အိမ်သုံးအားသွင်းစက် 7KW GB AC Charger ၅ ခုကိုလည်း ​ဖေ​ဖော်ဝါရီ ၂၁ ရက်​က Chin Dwin Shan ကုမ္ပဏီက တင်သွင်းခဲ့​ကြောင်း ကုန်သွယ်​ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အကောက်ခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ လျှပ်စစ်ကား တင်သွင်းခွင့်ကို ပြည်တွင်းကုမ္ပဏီ ၂၆ ခုထိ တင်သွင်းခွင့် လျှောက်ထားတာရှိကြောင်း သိရပြီး တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကားတွေ တင်သွင်းဖို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ကနဦးစီမံကိန်းအနေနဲ့ ခွင့်ပြုမှာဖြစ်ကြောင်း စစ်ကောင်စီက မနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013