Home
မြန်မာသတင်း
မကွေးတိုင်းအတွင်းရှိ အမွေအနှစ်စာရင်းဝင် အဆောက်အဦ၊ နေရာဒေသများ NUG ကြေညာ
DVB
·
March 1, 2023

အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့နဲ့ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ညှိနှိုင်းအစည်းဝေး ကျင်းပပြီး ဒေသတွင်းက အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာ၊ ဒေသ၊ အဆောက်အအုံပေါင်း ၂၅ ခုကျော် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ဒါဟာ ပထမအကြိမ် ထုတ်ပြန်တာဖြစ်ပြီး အဲဒီနေရာတွေမှာ “ကုန်းကြောင်း၊ လေကြောင်း၊ ကြည်းကြောင်းနဲ့ စစ်ရေးပြုလုပ်ခြင်း၊ စခန်းချခြင်း၊ မီးရှို့ခြင်း မလုပ်ရဘူးဆိုတဲ့ အချက်တွေ အပါအဝင် လိုက်နာရန်အချက် ၅ ချက် ထုတ်ပြန်ပါတယ်။

ဖောက်ဖျက်ကျူးလွန်ရင် ယဥ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ ၂၀၁၉၊ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းကာကွယ်ရေးဥပဒေ ၂၀၁၅၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၂၀၁၄ တို့ အပါအဝင် နိုင်ငံတကာ ဆက်စပ်ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်မယ်လို့ ထည့်သွင်းရေးသားပါတယ်။

ဒါ့အပြင် ထုတ်ပြန်လိုက်တဲ့ အမွေအနှစ်စာရင်းမှာ ဘာသာရေးပေါင်းစုံရဲ့ အဆောက်အဦတွေ၊ ကိုလိုနီခေတ် အဆောက်အဦတွေ၊ ခံတပ်အဆောက်အဦတွေ စုံစုံလင်လင် ပါဝင်လာတာ တွေ့ရပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းကြာ ကက်သလစ်ခရစ်ယာန် မယ်တော်သခင်မကျောင်းနဲ့ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဟံလင်းပျူမြို့ဟောင်းတို့ အပါအဝင် အမွေအနှစ်စာရင်းဝင် အဆောက်အဦ၊ နေရာဒေသတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024