DVB Logo
Home
မြန်မာသတင်း
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံပြန်တင်
DVB
·
March 1, 2023
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံပြန်တင်
Donate to DVB

ကရင်တိုင်းရင်းသားပါတီတခုဖြစ်တဲ့ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)က နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရဖို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ ပါတီမှတ်ပုံတင်ခွင့် ပြန်လည် လျှောက်ထား လိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက်မှာ အခြေစိုက်တဲ့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်ပြုဖို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လျှောက်ထားကြောင်း စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် ပါတီနာမည်၊ အသုံးပြုမယ့်အလံနဲ့ တံဆိပ်တွေကို ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ပါတီမှတ်ပုံတင်လျှောက် ထား မှုနဲ့ပတ်သက်လို့  ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်းမရှိပါဘူး။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဟာ ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတုန်းက မွန်ပြည်နယ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်ရရှိခဲ့တာမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013