DVB Logo
Home
မြန်မာသတင်း
အိန္ဒိယတွင် မြန်မာအမျိုးသမီး ၁ ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ၊ တရားခံအမျိုးသား ၄ ဦး လွတ်မြောက်နေ
DVB
·
March 1, 2023
အိန္ဒိယတွင် မြန်မာအမျိုးသမီး ၁ ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရ၊ တရားခံအမျိုးသား ၄ ဦး လွတ်မြောက်နေ
Donate to DVB

အိန္ဒိယနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသမီးတယောက်ဟာ အမျိုးသား ၄ ယောက်ရဲ့ အုပ်စုဖွဲ့ မုဒိန်းပြုကျင့်ခံခဲ့ရပြီး အဆိုပါ တရားခံတွေကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ The Indian Express သတင်းမှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးဟာ သူ့ရဲ့ ၁ နှစ်အရွယ် သမီးဖြစ်သူနဲ့ ဒေလီမြို့က ကာလင်ဒီကွန့်ရှ်ပြည်သူ့ဉယျာဉ်ထဲမှာ ရှိနေချိန်မှာ သုံးဘီးဆိုင် ကယ်တစီးက အတင်းအကျပ်ခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ အိန္ဒိယ အကြီးတန်းရဲအရာရှိတယောက်က ပြောပါတယ်။

“ယာဉ်မောင်းက သူ့(မြန်မာအမျိုးသမီး)ကို  ကြံရာပါ အမျိုးသား ၃ ယောက်နဲ့အတူ ဒေလီ-ဟာရီယာနာနယ်စပ်က သူတို့ထဲက တယောက်ရဲ့ အိမ်တလုံးကို ခေါ်သွားခဲ့ပြီးနောက်မှာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ကြပါတယ်။ ပြီးတော့ သူတို့က အမျိုးသမီးကို ခြိမ်းခြောက်ပြီးတော့ နောက်တနေ့မှာတော့ မြို့တော်က နေရာတခုမှာ ပစ်ထားခဲ့ကြတာ။”

အမျိုးသမီးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကာလင်ဒီကွန့်ရှ်ရဲစခန်းဆီ တိုင်ကြားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ သူ့ကို ပစ်ထားခဲ့တဲ့ နေရာနဲ့ သုံးဘီးဆိုင်ကယ်နဲ့ တင်ပြီး ခေါ်ဆောင်သွားနိုင်တဲ့ နေရာတွေစတဲ့ အမှုနဲ့ ဆက်စပ်တာတွေကို အနီးအနားက စီစီတီဗွီလုံခြုုံရေးကင်မရာတွေကနေ တဆင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရဲတွေကတော့ အဆိုပါ မြန်မာအမျိုးသမီးဟာ ဆေးကုသဖို့ နိုင်ငံထဲ ရောက်ရှိလာခဲ့တာလို့ပြောပြီး လတ်တလောမှာ ဒီအမှုအတွက် အုပ်စုဖွဲ့မုဒိန်းပြုကျင့်မှု ပုဒ်မ ၃၇၆ ဃနဲ့ ပြန်ပေးဆွဲပြစ်မှု ပုဒ်မ ၃၆၃ တို့နဲ့ အမှုဖွင့် ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: The Indian Express

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013