Home
မြန်မာသတင်း
မဲဆောက် ကမ်းနားဈေးတွင် စီးကရက်နှင့် အရက်ရောင်းသည့် မြန်မာဈေးသည်များ အဖမ်းခံရ
DVB
·
March 1, 2023
334061849_736917274471529_3658219300477378333_n

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်ရပ်ကွက်၊ သောင်ရင်းမြစ်ကမ်းနားက တလတ်လိမ်းမွေး (ကမ်းနားဈေး)မှာ ဖေဖော်ဝါရီ ၂၈ ရက်က ထိုင်းရဲနဲ့ တာဝန်ရှိသူတွေ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး တရားမဝင်နိုင်ငံခြားအရက်နဲ့ စီးကရက်မျိုးစုံကို ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။

အဆိုပါဈေးထဲမှာ တရားမဝင်တင်သွင်းလာတဲ့ အရက်နဲ့ စီးကရက်တွေ ရောင်းချနေကြောင်း သတင်းပေးချက်ရတဲ့အတွက် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့၊ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့  အကောက်ခွန်ဌာန တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တာလို့  Mae Sot Media သတင်းမှာ ဖော်ပြပါတယ်။

တိုင်ကြားချက်အတိုင်း နိုင်ငံခြားအရက်မျိုးစုံနဲ့ စီးကရက်ဘူးတွေရောင်းချနေတာတွေ့ရကြောင်း၊ အဲဒီဈေးထဲကနေ GLAN MASTER ၊ MANDALAY EXPORT ၊ MANDALAY COFFEE  ၊ MANDALAY RUM ၊ ABSOLUT MANGO၊ ABSOLUT RASPBERRI စတဲ့တံဆိပ်ပါ အရက် ၁၀ ပုလင်းကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် GOLDEN DEER ၊ YNOT ၊ ATLANTA/ MARBLE ၊ KRONG THIP ၊ RED RUBY  အစရှိ နိုင်ငံခြားစီးကရက်မျိုးစုံ ၄၈ ကာဒွန်း (၄၈၀ ဘူး) ကိုပါ ဖမ်းဆီးခဲ့ပြီး  အဆိုပါပစ္စည်းတွေ ရောင်းချနေတဲ့ မြန်မာတွေလည်း အဖမ်းခံရတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးထားသူတွေကို တရားမဝင်ပစ္စည်း တင်သွင်းရောင်းချမှုနဲ့အရေးယူဖို့ မဲဆောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အဖမ်းခံရတဲ့မြန်မာ ဘယ်နှစ်ဦးပါလဲဆိုတာတော့ သတင်းမှာ အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024