DVB Logo
Home
မြန်မာသတင်း
ထားဝယ်ခရိုင်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ် (ဓာတ်ပုံ)
DVB
·
March 1, 2023
ထားဝယ်ခရိုင်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ် (ဓာတ်ပုံ)
1 / 12
Donate to DVB

ထားဝယ်ခရိုင်လူထုသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ပြည်သူ ၄ ဦး ကျဆုံးခဲ့ရတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်းက အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို နွေဦးတော်လှန်ရေးကာလ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း အစောဆုံးကျဆုံးခဲ့ရသူ ၄ ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ "သွေးမြေကျတဲ့ ၂၈ ဥဒါန်းမကျေတဲ့ သမိုင်းသစ်" ခေါင်းစဥ်နဲ့ အခြေခံပညာအထက်တန်းကျောင်းတခုအတွင်းမှာ ပြုလုပ်ခဲ့ကြတာပါ။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင်တဦးကတော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း ပေးဆပ်ခဲ့ရတာတွေ အလဟဿမဖြစ်အောင် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ထုတ်ကြရမယ်လို့ ပြောပါတယ်။

"ခေတ်အဆက်ဆက် ဒီမိုကရေစီရရှိရေး တိုက်ပွဲတလျှောက် ပေးဆပ်လာခဲ့ရတာတွေဟာ နည်းနည်းလေးမဟုတ်ဘူး၊ တချို့ဆို အသက်တွေ၊ တချို့ဆို မိသားစုဘဝပျက်တဲ့အထိ၊ တချို့ဆိုရင် သူတို့ဘဝရဲ့ သက်တမ်းထက်ဝက်ကျော်ကို အကျဥ်းထောင်တွေထဲမှာ ဒုက္ခပေါင်းစုံခံပြီး ဖြတ်သန်းခဲ့ရတာ။ အဲလို ပေးဆပ်ခဲ့ရတာတွေ အလဟဿမဖြစ်ရအောင်ဆိုရင် စစ်အာဏာရှင်စနစ် မပြုတ်ကျသရွေ့ တော်လှန်တိုက်ပွဲဝင်ကြဖို့လိုတယ်။"

အမျိုးသမီး၊ လူငယ်တွေအပါအဝင် ပြည်သူ နှစ်ထောင်နီးပါး ပါဝင်ခဲ့ကြတဲ့ အဲဒီအခမ်းအနားမှာ သမဂ္ဂခွပ်ဒေါင်းအလံကို အလေးပြုတာ၊ ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူတွေကို အလေးပြုတာနဲ့ လွမ်းသူပန်းခွေချတာ၊ ကဗျာရွတ်တာတွေအပြင် ဖေဖော်ဝါရီ ၂၈ ရက်နေ့ အကြမ်းဖက်ဖြိုခွင်းခံရမှုအကြောင်းကိုလည်း ဟောပြောခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ပြီး လမ်းလျှောက်ချီတက်ခဲ့ကြပါသေးတယ်။

ထားဝယ်မြို့အတွင်း ထားဝယ်ခရိုင်လူထုသပိတ်လှုပ်ရှားမှုကို ၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေက ကျည်အစစ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ပြည်သူ ၄ ဦး ကျဆုံးခဲ့ပြီး အဖမ်းခံရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

photos _ DDMSC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013