Friday, June 9, 2023
HomeLead Storyတူမီးထီရောင်းရငွေများဖြင့် ချင်းစစ်ဘေးရှောင်ပညာရေးအတွက် လှူဒါန်း (ဓာတ်ပုံ)

တူမီးထီရောင်းရငွေများဖြင့် ချင်းစစ်ဘေးရှောင်ပညာရေးအတွက် လှူဒါန်း (ဓာတ်ပုံ)

တူမီးထီ အစီအစဉ်ကနေ ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့မှာ ထီဖွင့်လှစ်ရောင်းချခဲ့ပြီး မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းတခုမှ ကလေးသူငယ်တွေ ပညာရေးအတွက် အိန္ဒိယရူပီး ၄၀,၀၀၀ (မြန်မာငွေ ကျပ် ၁၃ သိန်းကျော်) တန်ဖိုးရှိတဲ့ စာ‌ရေးကိရိယာတွေနဲ့ မုန့်ပဲသရေစာတွေကို ဖေ‌ဖော်ဝါရီလ ၂၇ ရက်မှာ CRFP (တူမီးထီ) အဖွဲ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။

CRFP တာဝန်ရှိသူတဦးက “မီဇိုရမ်ဘက်က စခန်းတခု၊၊ နောက် မြန်မာဘက် CDf – Zotung နဲ့ CDF – Mara အောက်မှာရှိတဲ့ ပညာရေးကို လှူတာပါ။ ၃ နေရာ လှူပါတယ်။ အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ စခန်းတခုတည်းမှာရှိတဲ့ ကလေးငယ် ၁၄ ယောက်အတွက် ရူပီး ၄၀,၀၀၀ (ကျပ် ၁၃ သိန်းကျော်) ဖိုးပါ။ ကျန်တာက မြန်မာပြည်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားစု CDF လက်အောက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအတွက် ရူပီး ၂၀,၀၀၀ တဖွဲ့၊ မြန်မာငွေ ကျပ် ၆၂၀,၀၀၀ ကျော် တဖွဲ့ပါ။ စုစုပေါင်း ရူပီး ၆၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၆၂၀,၀၀၀ ကျော် လှူဒါန်းခဲ့ကြတာ” လို့ ပြောပါတယ်။

ချင်းအမျိုးသားနေ့ထီကို တစောင် ၂ ဒေါ်လာနှုန်းနဲ့ ရောင်းချခဲ့ကာ စုစုပေါင်း စောင်ရေ ၇၁၂ စောင် ရောင်းချနိုင်ခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက် စိန်ရတု ချင်းအမျိုးသားနေ့မှာ ကံထူးရှင် စာရင်းကို ကြေညာခဲ့ပြီး ထီရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ – CRFP အ​နေနဲ့ တူမီးထီ ဆိုတဲ့ အွန်လိုင်း ကံစမ်းမဲထီကို ဖွင့်လှစ်လာတာ အပတ်စဥ် ၁၀ အထိရှိနေပြီး ရထားတဲ့ ​တော်လှန်​​ရေး ဘဏ္ဍာ​ငွေဟာလည်း ကျပ် သိန်း ၃၀၀ ​ကျော်ရှိကာ ချင်း​တော်လှန်​ရေးအင်အားစုတွေထံ ဖြန့်ဝေထားပါတယ်။ ​

ရှေ့ဆက်ပြီး တူမီးထီ ​ရောင်းအားမြှင့်တင်​ရေး လှုပ်ရှားမှုကို လုပ်​ဆောင်ပြီး ​တော်လှန်​ရေးအတွက် ဘဏ္ဍာ​​ငွေ ပိုမိုရှာဖွေထောက်ပံ့နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ CRFP က ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular