DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေဘိုမြို့မှ ရက်ကန်းလုပ်ငန်းရှင်များ ပြန်ထူထောင်ရန် အခက်တွေ့နေ
DVB
·
February 27, 2023
စစ်တပ်မီးရှို့ဖျက်ဆီးခဲ့သည့် ရွှေဘိုမြို့မှ ရက်ကန်းလုပ်ငန်းရှင်များ ပြန်ထူထောင်ရန် အခက်တွေ့နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ  ရိုးရာရက်ကန်းရုံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တဲ့အတွက်  ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။

စစ်ကောင်စီတပ်ဟာ မိရိုးဖလာ ရိုးရာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်တဲ့ ထူးကြီးကျေးရွာက စက်ရက်ကန်း၊ လက်ရက်ကန်း ရုံတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ရက်ကန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းနေသူတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရက်ကန်းလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံ အမျိုးသမီးတဦးက “ကျမတို့ရွာ တရွာလုံးနီးပါးက ရက်ကန်းလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်း ပြုရတာ။ စစ်တပ်က စစ်ကြောင်းထိုးလာတော့ အကုန်လုံးပစ်ထားပြီး ဘေးလွတ်ရာ ပြေးခဲ့ရတယ်။ ရွာထဲကသူတွေ ပြေးနေတုန်း စစ်တပ်က အဖွဲ့နှစ်ဖွဲ့ခွဲပြီး ရွာတောင်ပိုင်းကော မြောက်ပိုင်းကောကို မီးရှို့တော့တာပဲ။ စက်ရက်ကန်း လက်ရက်ကန်း ရုံ ၁၀၀ ကျော်လောက် မီးလောင်သွားတယ်။ ရက်ကန်းရုံတွေ မီးရှို့ခံရတော့ ဒီလိုအခြေအနေ ဒီလိုကာလမျိုးမှာ ပြန်လည်ထူထောင်ဖို့ အတော်ခက်ခဲသွားပြီ” လို့ ပြောပါတယ်။

လူဦးရေ ၃,၀၀၀ နီးပါးနေထိုင်ပြီး အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ ထူးကြီးကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရက်ကန်းစင်တွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“ရွာမီးရှို့ခံရတော့ နေအိမ် တဝက်ကျော်လောက် မီးထဲပါသွားတယ်။ သူတို့ စစ်ကြောင်းထိုးလာတယ် ဆိုကတည်းက ရွာကသူတွေ လုပ်လက်စအလုပ် ပစ်ထားပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတာဆိုတော့ လူမရှိတုန်း အကြိုက်ရှို့သွားတာ။ ရက်ကန်းရုံတရုံမှာ စက်ရက်ကန်း လက်ရက်ကန်း အနည်းဆုံး ၅ လုံးရှိတယ်။ ပျက်စီးဆုံးရှုံးမှုကတော့ အတော်လေးများတယ်။ ဒီကာလမှာ  ပြန်လည်ထူထောင်ဖို့ ဆိုတာလည်း အတော်မလွယ်ဘူး” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

လက်ရက်ကန်းစင်တလုံးဟာ တစင်ကို ကာလပေါက်ဈေး ၇ သိန်းဝန်းကျင်ရှိကာ စက်ရက်ကန်းတစင်ရဲ့ ကာလပေါက်ဈေးကတော့ တစင်ကို သိန်း ၇၀ ဝန်းကျင်ရှိပြီး ရက်ကန်းရုံ အားလုံးနီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013