Home
မေးမြန်းခန်း
မကွေး ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲ အာဏာပိုင် ခွင့်မပြု
ရွှေအောင်
·
June 7, 2014
[caption id="attachment_58106" align="alignright" width="300"]မကွေးမြို့မှာ ဇွန်လ ၉ ရက် ကျင်းပပြုလုပ်ဖို့ရှိတဲ့ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲလုပ်မည့်ကွင်းတွင် အာဏာပိုင်တွေက သတိပေးစာ စိုက်ထူ ဇွန်လ ၉ ရက် ကျင်းပပြုလုပ်ဖို့ရှိတဲ့ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲလုပ်မည့်ကွင်းတွင် အာဏာပိုင်တွေက သတိပေးစာ စိုက်ထူ[/caption]မကွေးတိုင်း၊ မကွေးမြို့မှာ ဇွန်လ ၉ ရက် ကျင်းပပြုလုပ်ဖို့ရှိတဲ့ ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေးတဲ့အပြင် ပြင်ဆင်ထားတာတွေကိုပါ ဖျက်ပစ်မယ်လို့ ဇွန်လ ၇ရက်မှာ ခေါ်ယူပြောဆို သတိပေးလိုက်ပါတယ်။ အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဖို့ တနိုင်ငံလုံးအနှံ့ လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပြီး ဆိုင်ရာက ခွင့်ပြုချက်မပြုတဲ့အပြင် ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်တာ ဒါ ပထမဆုံးဖြစ်ပါတယ်။ မကွေးမြို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းတို့ ပူးပေါင်းကော်မတီ တာဝန်ခံ ဦးနေမျိုးကျော်ကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင် နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024