DVB Logo
Home
မြန်မာသတင်း
ဘုရားသုံးဆူနယ်စပ်တိုက်ပွဲကြောင့် ထိုင်းဘက်တွင် လုံခြုံရေးတိုးမြှင့်
DVB
·
February 26, 2023
ဘုရားသုံးဆူနယ်စပ်တိုက်ပွဲကြောင့်  ထိုင်းဘက်တွင် လုံခြုံရေးတိုးမြှင့်
Donate to DVB

ထိုင်းနိုင်ငံ၊ ဆန်ခလဘူရီနယ်စပ်နဲ့ ကပ်နေတဲ့  မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ  ဖေဖော်ဝါရီ ၂၅ ရက်မနေ့မနက်ပိုင်းက  တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ထိုင်းဘက်က နယ်စပ်လုံခြုံရေးတိုးမြှင့်ချထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးသားဖော်ပြပါတယ်။

မြန်မာစစ်တပ်နဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တွေတစ်နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး မနက်အစောပိုင်း ၆နာရီခွဲလောက်က စတင်ကာ ထိုင်းဘက်ကနေ သေနတ်သံတွေ ကြားခဲ့ရသလို မြန်မာနိုင်ငံဘက်အခြမ်း ဘုရားသုံးဆူဘက်ကနေ မီးတောက်တွေ မီးခိုးတွေ ထွက်လာတာကို လှမ်းမြင်ရတယ်လို့ ဆိုပါတယ်။

မီးတောက်နဲ့ မီးခိုးတွေထွက်ပေါ်လာရာနေရာဟာ ဆန်ခလာဘူရီနယ်မြေမှာရှိတဲ့ ဘုရားသုံးဆူဖြတ်လမ်းနဲ့ မီတာ ၂၀၀ လောက်ဝေးတဲ့ ဘုရားသုံးဆူခရိုင်ရုံးနဲ့ ရဲစခန်းရှိရာနေရာက ဖြစ်မယ်လို့ ကနဦးခန့်မှန်းထားကြပါတယ်။

ထိုင်းအထူးတပ်ဖွဲ့ရဲ့ လက်ထောက်တပ်မှူးက နယ်စပ်တစ်လျှောက်မှာ သတိအပြည့်နဲ့ စောင့်ကြည့်နေဖို့ ထိုင်းစစ်သားတွေကို အမိန့်ပေးထားခဲ့သလို အဲဒီဒေသတဝိုက်က အရပ်သားတွေကိုလည်းလုံခြုံရေးဂိတ်ကိုဖြတ်ကျော်ခွင့်မပေးတော့ဘဲ ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဟာ မြန်မာစစ်တပ်ကအစောပိုင်းမှာဖမ်းဆီးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ရဲ့ ရဲဘော်တွေကို ဘုရားသုံးဆူ ရဲစခန်းကနေ ပြန်လည်ကယ်တင်ဖို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ကြတာဖြစ်တယ်လို့ သတင်းရစ်မြစ်တစ်ခုက ပြောတယ်လို့ဆိုပါတယ်။

ရဲဘော်တွေကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီး ရဲစခန်းရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီးကို မီးရှို့လိုက်ကြတယ်လို့ Bangkok Post သတင်းရေးပါတယ်။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့စခန်းရှိရာကို ပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး အခြေအနေဟာပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားခဲ့တယ်တယ်လို့ ဆိုပါတယ်။  အဲဒီတိုက်ပွဲကြောင့် မြန်မာဘက်ကနေ ထိုင်းဘက်ကို ပြေးလာသူမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ 

စနေနေ့ မွန်းလွဲပိုင်းမှာ ဘုရာသုံးဆူ နယ်မြေမှာ အားလုံးပုံမှန်ပြန်လည် လည်ပတ်နေခဲ့ကြပေမဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေကတော့ သတိအပြည့်နဲ့စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီနေ့မှာပဲ ဆန်ခလာဘူရီ နယ်မြေအုပ်ချုပ်ရေးမှူးက သူ့ရဲ့လက်ထောက်ကို နယ်စပ်တစ်လျှောက်စစ်ဆေးဖို့နဲ့ အခြေအနေကို စောင့်ကြည့်ဖို့ တာဝန်ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရဲစခန်းကို ဖေဖော်ဝါရီလ ၂၅ ရက် မနက် ၅ နာရီလောက်က နဂါးနီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့အပြန် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနီစစ်ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။

ရဲစခန်းကို မီးရှို့ပြီးအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါးနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ကောင်စီရဲ့တပ်စခန်းတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုရှိမရှိ မသိရဘဲ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်ကတော့ ၁ ယောက်ကျဆုံး ၂ ယောက် ဒဏ်ရာရတယ်လို့ နဂါးနီစစ်ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ဘုရားသုံးဆူမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဘုရားသုံးဆူမြို့တွင်းမှာလည်း တပ်တွေဖြန့်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် မြို့တွင်းတိုက်ပွဲတွေထပ်မံဖြစ်ပွားလာမှာကို မြို့ခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။ 

Ref: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013