DVB Logo
Home
မြန်မာသတင်း
ချင်းအဆိုတော်များ Cover သီဆိုထားသည့် "We Are the World" သီချင်း ရေပန်းစားနေ
DVB
·
February 24, 2023
ချင်းအဆိုတော်များ Cover သီဆိုထားသည့် "We Are the World" သီချင်း ရေပန်းစားနေ
Donate to DVB

မြန်မာ့နွေဦး တော်လှန်ရေးအတွက်  ချင်းအဆိုတော်တေးသံရှင်တွေ ဗားရှင်းအသစ်နဲ့ Cover ပြန်လည်သီဆိုထားကြတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ We Are the World သီချင်းရုပ်သံဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလူကြိုက်များ ရေပန်းစားနေပါတယ်။

ဒီသီချင်းကိုတော့ ကွယ်လွန်သူ နာမည်ကြီးအဆိုတော် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီတို့ အတူရေးသားထားကာ နာမည်ကျော် အဆိုတော်တွေ ပူးတွဲသီဆိုခဲ့ကြတာဖြစ်ပြီး ခုတခါမှာတော့ ချင်းတိုင်းရင်းသား အဆိုတော်တွေ ပူးပေါင်းထားတဲ့ Chinlung Chuak Artist အဖွဲ့က ပြန်လည်သီဆိုထားခဲ့ကြတာပါ။

Chinlung Chuak Artist အဖွဲ့ထဲမှာတော့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင် အဆိုတော် David Lai ၊ မြန်မာအိုင်ဒေါက Benjamin Sum နဲ့ P Thawng Bawi တို့ ၃ ယောက် ပါဝင်တဲ့ Guys from Chin အဖွဲ့အပါအဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ အမေရိကန်၊ နယူးဇီလန်ရောက် ချင်းအဆိုတော်တွေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

အာဖရိက အငတ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တေးသီချင်းကောင်းတပုဒ်အနေနဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ဒီသီချင်းကတော့ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်သီဆိုမှုတွေနဲ့အတူ နာမည်ကြီးပါတယ်။ ဒါ့အပြင် တေးဂီတဆိုင်ရာ အနုပညာထူးချွန်ဆုဖြစ်တဲ့ နာမည်ကြီး ဂရမ်မီဆုအပါအဝင် ဆုတွေလည်း များစွာ ရရှိထားခဲ့တာပါ။

ခုတခါမှာလည်း မြန်မာ့နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင်ရဲ့ အကြမ်ဖမ်းဖမ်းဆီးသတ်ဖြတ်မှုတွေ၊ ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားတွေကြုံတွေ့ရင်ဆိုင်နေရတဲ့ဒုက္ခအခက်အခဲတွေကို ကမ္ဘာသိအောင်သတင်းစကားပါးထားတဲ့    Cover သီချင်းဖန်တီးမှုထဲမှာတော့ရက်ပ်စာသားတွေကို  မြန်မာလို တေးစာသားတချို့ပါထည့်သွင်း ဖန်တီးထားခဲ့တာမို့ Reaction အနေနဲ့ရော တေးဂီတသီချင်းဆိုင်ရာ ဝေဖန်သူတွေကြားမှာပါ ချင်းအနုပညာရှင်တွေရဲ့ အဆိုပညာအတွက် ချီးကျူးမှုတွေ အများကြီး ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ChinTube ယူကျုဘ်ချန်နယ်ပေါ်ကတဆင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကတည်းက မျှဝေထားခဲ့တဲ့ ဒီ Cover သီချင်းဟာ လက်ရှိမှာတော့ ကြည့်ရှုသူ ၈ သိန်းကျော် ရှိနေပြီး လူမှုကွန်ရက်တွေမှာလည်း မျှဝေသူတွေများနေတာ ဖြစ်ပါတယ်။

https://youtu.be/2ky1Wa7qclg
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013