Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ဖမ်းဆီးခံရ
DVB
·
February 24, 2023
332901448_628524832370134_9096838135646898132_n

ထိုင်းအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို လမ်းပြ ၁ ဦးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော် ပြပါတယ်။ 

နယ်မြေထဲမှာ တရားမဝင် ဝင်ရောက်လာမယ့်သူတွေရှိကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ နယ်ခြားစောင့်တပ် ၊ ရဲ နဲ့ ကျေးရွာလုံခြုံရေးအရံတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ လုံခြုံရေး စစ်ဆေးနေခဲ့ကြောင်းရာမှာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၇ နာရီလောက်မှာတော့ ဆိုင်းယို့ဒ်မြို့နယ် ဆိုင်းယို့ဒ်အုပ်စု နယ်မြေ ၂ ထာ့ထုန့်နားကျေးရွာအနီးမှာ လူတွေပြည့်ညှပ် တင်ဆောင်လာတဲ့ကား ၁ စီးကို ခေါ်ယူစစ်ဆေးရာက တရားမဝင် ဝင်လာသူတွေကို ဖမ်းမိတာလို့ တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါဖြစ်စဉ်မှာ တရားမဝင် မြန်မာအမျိုးသား ၂၂  ယောက်နဲ့ အမျိုးသမီး ၈ ယောက် စုစုပေါင်း အယောက် ၃၀ နဲ့  ယာဉ်မောင်း(လမ်းပြ) အမျိုးသား တယောက်တို့ ဖမ်းမိခဲ့ပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေက မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း ၊ လယောင်း ၊ ကန်ကျနပူရီ နဲ့ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ပြောပါတယ် ။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ရေးကိုယ်အပူချိန်တိုင်းတာပြီး လဝကဥပဒေနဲ့ အရေးယူဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024