DVB Logo
Home
မြန်မာသတင်း
ဆန်ဈေးတက်နေသဖြင့် ဧည့်မထဆန် တပြည် ကျပ် ၂,၀၀၀ ဖြင့် ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ် ထုတ်ပြန်
DVB
·
February 22, 2023
ဆန်ဈေးတက်နေသဖြင့် ဧည့်မထဆန် တပြည် ကျပ် ၂,၀၀၀ ဖြင့် ရောင်းပေးမည်ဟု ဆန်စပါးအသင်းချုပ် ထုတ်ပြန်
Donate to DVB

ဆန်စျေးနှုန်း မြင့်တက်နေတာကြောင့် အခြေခံအလုပ်သမား၊ ဝန်ထမ်းမိသားစုတွေကို သက်သာတဲ့စျေးနှုန်းနဲ့ ဆန်ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။

ဆန်ရောင်းချပေးရာမှာ ဧည့်မထ ၁၀ ရာခိုင်နှုန်း ဆန် ၅ ပြည်တအိတ်ကို ကျပ် ၁၀,၀၀၀ နှုန်းနဲ့ ရောင်းချပေးမယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားတာပါ။

ရန်ကုန်မြို့နေ ပြည်သူတဦးက “အခြေခံအလုပ်သမားတွေ အဆင်ပြေစေဖို့ဆိုပြီး ဧည့်မထဆန်ကို တပြည် ၂,၀၀၀ နဲ့ ရောင်းပေးမှာဆိုတော့ သူတို့ရောင်းပေးမယ့်စျေးက အပြင်ပေါက်စျေးနဲ့ ဘယ်လောက်မှမကွာဘူး” လို့ ပြောပါတယ်။

အသင်းချုပ်က လှိုင်သာယာ၊ ရွှေပြည်သာ စက်ရုံတို့က ဝန်ထမ်းမိသားစုတွေကိုတော့ မှာယူတဲ့အိတ်ရေ အနည်းအများပေါ် မူတည်ပြီး အရောက်ပို့ဆောင်ပေးတာ ဒါမှမဟုတ် သတ်မှတ်နေရာမှာ လာရောက်ထုတ်ယူစေတာ စသဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေနဲ့ စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ၊ ဝင်‌ငွနည်းပါးတဲ့ ဝန်ထမ်းမိသားစုတွေထံ ဆန်အိတ်ရေ ၂၁၆,၆၀၀ လောက်ကိုလည်း သက်သာတဲ့ စျေးနှုန်းနဲ့ ရောင်းချပေးခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေဟာ လျှပ်စစ်မီးမမှန်တာ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး သယ်ယူပို့ဆောင်စရိတ်နဲ့ အထွေထွေကုန်ကျစရိတ်တွေ မြင့်တက်နေတာ၊ စပါးအထွက်နှုန်းလျော့တာ စတဲ့အချက်တွေကြောင့် အခုနှစ်မှာ စံချိန်တင် မြင့်တက်နေတာပါ။

ပြည်ပတင်ပို့မှုကလည်း ၂၀၂၂ ဇန်နဝါရီလကုန်အထိ တန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့ထားပြီး အခုဘဏ္ဍာနှစ်ကုန်မှာ တန်ချိန် ၂ သန်း တင်ပို့နိုင်ဖို့ အသင်းချုပ်က လျာထား ဆောင်ရွက်နေတာပါ။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေနဲ့ ပြည်တွင်းဆန်စျေးကွက် တည်ငြိမ်စေရေး၊ ကုန်စည်ဒိုင်တွေမှာ သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချပေးနိုင်ရေး၊ ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း အသိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းဆန်စျေးကွက်မှာ ဆန်အမျိုးအစားတချို့ စျေးအနည်းငယ် ပြန်လည် ကျရိပ်ပြလာတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013