Home
သတင်းဓာတ်ပုံ
ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် အခြေခံစစ်ပညာသင်တန်းဆင်း (ဓာတ်ပုံ)
DVB
·
February 22, 2023
1677060426562
1677060426554
1677060426544
1677060426536
3-1
2-1
1-1

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ကြားက ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆိပ်ဖြူဘာမထီ-PDF က ထုတ်ပြန်ထားပါတယ်။

ဆိပ်ဖြူဘာမထီ-PDF ရဲ့ အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား ၂၀ ကျော်၊ သင်တန်းသူ ၁၀ ယောက်နဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ဖေဖော်ဝါရီ ၁၇ ရက်အထိ စစ်ရေး၊ နိုင်ငံရေး ဘာသာရပ်တွေကို သင်ကြားပို့ချပေးခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ-PDF ရဲ့တာဝန်ခံ ဗိုလ်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဆိပ်ဖြူမြို့နယ်ထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ကြားက ဒီသင်တန်းကို ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာဗျ။ စစ်ကြောင်းထိုးလာပြီဆိုရင် သင်တန်းသား သင်တန်းသူတွေကို ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းပေးရတယ်။ လွတ်မြောက်နယ်မြေ မဟုတ်တဲ့အတွက် စစ်ကြောင်းသတင်းတွေကို အသေအချာ လေ့လာစုံစမ်းပြီးမှ သင်ကြားပို့ချပေးခဲ့ရတာ။”

သင်တန်းဆင်း PDF ရဲဘော်တွေ ထပ်မံတိုးပွားလာတဲ့အတွက် စစ်အာဏာရှင် တော်လှန်ရေးအတွက် အားဆေးတခွက်ဖြစ်သလို ပြည်သူလူထုဟာ စစ်အာဏာရှင် အုပ်ချုပ်တာကို လုံးဝလက်မခံနိုင်လို့ PDF တပ်ဖွဲ့ကို ဝင်ရောက်တဲ့သူတွေလည်း ဆက်တိုက်တိုးပွားနေတယ်လို့ ဆိုပါတယ်။

ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းကို ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၃,၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်​ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024