DVB Logo
Home
မြန်မာသတင်း
ရွှေတကျပ်သားကို ၂,၇၉၀,၀၀၀ ကျပ်ဖြင့် တပြေးညီရောင်းချကြရန် ရွှေဆိုင်များကို ညွှန်ကြား
DVB
·
February 22, 2023
ရွှေတကျပ်သားကို ၂,၇၉၀,၀၀၀ ကျပ်ဖြင့် တပြေးညီရောင်းချကြရန် ရွှေဆိုင်များကို ညွှန်ကြား
Donate to DVB

ရန်ကုန်တိုင်း၊ ရွှေလုပ်ငန်းရှင်များအသင်းက ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီရဲ့ လမ်းညွှန်ချက်အရဆိုကာ မီးလင်းအခေါက်ရွှေ တကျပ်သားကို ၂,၇၉၀,၀၀၀ ကျပ်နဲ့ ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေအားလုံး တပြေးညီ ရောင်းချရမယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြင်ပဈေးကွက်ပေါက်ဈေး အခေါက်ရွှေတကျပ်သားကို ကျပ် ၂,၈၅၀,၀၀၀ ကျော် ရှိနေချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းများအသင်းက ကျပ် ၂,၇၉၀,၀၀၀ ကျပ်နဲ့ တပြေးညီ သတ်မှတ်ရောင်းချကြဖို့ ထုတ်ပြန်လာတာပါ။

ဒါပေမဲ့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးကတော့ ဖေဖော်ဝါရီ ၂၂ ရက်မှာ အကယ်ဒမီမီးလင်းရွှေ တကျပ်သားကို ၂,၁၆၃,၀၀၀ ကျပ် ဖြစ်ပါတယ်။

“ဒါကတော့ အသင်းက စစ်ကောင်စီအလိုကျ ထုတ်ပြန်တာပေါ့။ ရွှေဈေးကို သူတို့က ခဏခဏ သတ်မှတ်ပြီး ထိန်းချုပ်နေတာပဲလေ။ ဒါပေမဲ့ အပြင်မှာတော့ သူတို့ဈေးနဲ့ အရောင်းအဝယ် မလုပ်ကြပါဘူး” လို့ ရွှေကုန်သည်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နှောင်းပိုင်းကလည်း စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေးထိန်းသိမ်းရေး အဖွဲ့ရဲ့ လမ်းညွှန်ချက်အရဆိုပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့ ရန်ကုန်ရွှေအသင်းက တကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ပြင်ပဈေးကွက်ပေါက်ဈေး ကွာဟချက်ကြောင့် ရွှေဆိုင်တွေ အနေနဲ့ကတော့ အလျော့တွက် လက်ခတွေ တိုးမြှင့်တွက်ချက်ပြီး ရောင်းချခဲ့ကြတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

ဒေါ်လာဈေးအတက်အကျပေါ် မူတည်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့ ပြင်ပပေါက်ဈေး က ၂,၈၅၃,၀၀၀ ကျပ် ဖြစ်ပါတယ်။ ဒေါ်လာငွေလဲနှုန်းကတော့ ပြီးခဲ့တဲ့သီတင်းပတ်က တဒေါ်လာကို ၂,၈၆၀ ကျပ်ဝန်းကျင်မှာ ရှိနေရာကနေ ဒီကနေ့မှာတော့ ၂,၈၈၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013