DVB Logo
Home
ပညာရေး/နည်းပညာ
အောက်မြန်မာပြည် ကျောင်းဆောင် ၃ ပုံ ၁ ပုံ အန္တရာယ်ရှိ
DVB
·
June 6, 2014
အောက်မြန်မာပြည် ကျောင်းဆောင် ၃ ပုံ ၁ ပုံ အန္တရာယ်ရှိ
Donate to DVB

[caption id="attachment_58019" align="alignright" width="300"]ဓာတ်ပုံ - MOI Webportal Myanmar ပုတီးကုန်း အထက်တန်းကျောင်းဆောင် ပြိုကျခဲ့စဉ် (ဓာတ်ပုံ - MOI Webportal Myanmar)[/caption]

ပညာရေးဦးစီးဌာနလက်အောက်(အောက်မြန်မာပြည်)မှာ စာသင်ကျောင်း အဆောင်ပေါင်း ၂ သောင်းကျော် ရှိတဲ့အနက် ၃ ပုံ ၁ ပုံ ဖြစ်တဲ့ စာသင်ကျောင်း ၆ ထောင်လောက်ဟာ ညံ့ အဆင့်ဝင် အန္တရာယ်ရှိ အဆောက်အဦတွေ ဖြစ်နေတယ်လို့ အမှတ် ၁ အခြေခံပညာ ဦးစီးဌာန ညွှန်မှူး ဒေါ်သဇင်သင်း ပြောတာကို ကိုးကားပြီး ဒီနေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီကျောင်းဆောင်တွေ ပြန်လည် ပြုပြင် ဆောက်လုပ်ဖို့ ဘတ်ဂျက်ငွေ ၃ ဘီလီယံနီးပါး ရထားတယ်လို့လည်း သူက ရှင်းပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က ပဲခူးတိုင်း သဲကုန်းမြို့နယ် ပုတီးကုန်းမှာ အထက်တန်းကျောင်း ၀ရံတာ ပြိုကျပြီး ကျောင်းသားနဲ့ ကျောင်းသူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်လာပြီးနောက် စာသင်ကျောင်းတွေရဲ့ ကြံ့ခိုင်မှု ပြဿ နာကို ပြည်သူတွေက မေးခွန်းထုတ်လာကြတာ ဖြစ်ပါတယ်။

လက်ရှိ ချထားပေးတဲ့ ဘတ်ဂျက်ဟာ ကျောင်းဆောင် ၁ ခု ကျပ် သိန်း ၅၀ ပင် မပြည့်တာကြောင့် အဆင့်မီ ပြုပြင်ရေး မလွယ်ကူနိုင်ဘူးလို့ အငြိမ်းစား ပညာရေးမှူး ဦးဝင်းဖေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013