DVB Logo
Home
မြန်မာသတင်း
ဗဟန်းမြို့နယ်၌ ဈေးဆိုင်ခန်းအချို့မီးလောင်ပြီး တန်ဖိုးကျပ်သိန်း ၃၀၀ ခန့်ဆုံးရှုံး
DVB
·
February 22, 2023
ဗဟန်းမြို့နယ်၌ ဈေးဆိုင်ခန်းအချို့မီးလောင်ပြီး တန်ဖိုးကျပ်သိန်း ၃၀၀ ခန့်ဆုံးရှုံး
Donate to DVB

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမ၊ ပုလဲကွန်ဒိုအနီး၊ ဗလီဘေးက ဈေးဆိုင်ခန်း ၃ ခန်းတွဲမှာ ဖေဖော်ဝါရီ ၂၁ ရက်  ည ၆ နာရီခွဲကျော်လောက်က  မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ‌၃၀၀ လောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုင်ခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လူမှုကူညီရေးအသင်းဝင်တယောက်က "ည ၆ ခွဲလောက်က စလောင်တာလို့ သိရတယ်။ ‌မီးသတ်ကားတွေရောက်တော့ တခန်းလုံးလောင်နေပြီ။ ပိတ်ထားတဲ့အခန်းက စဖြစ်တာ၊ ရှေးဟောင်းပစ္စည်းဆိုင်လို့ ပြောတယ်။ ဘေးမှာ ကားတာယာ လုပ်ငန်းလည်းရှိတယ်တဲ့။ ပစ္စည်းအဟောင်းတွေစုထား‌တော့ လောင်စာလို ဖြစ်နေတာ။ နာရီဝက်လောက် ကြာတယ်။ မီးငြှိမ်းရတာ၊ ဗလီနံရံတော့ နည်းနည်း မီးကူးသွားတယ်" လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို တာမွေ၊ စမ်းချောင်း၊ ကျောက်တံတား မြို့နယ်တို့က မီးသတ်ယာဉ်တွေနဲ့ လူမှုကူညီရအသင်းတွေ ပူးပေါင်း ငြှိမ်းသတ်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိဘူးလို့ သိရပါတယ်။

မီးလောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး Level 1 အဆင့် ငြှိမ်းသတ်ခဲ့ရတာကြောင့် ည ၆ နာရီ ၅၃ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ မြန်မာမီးသတ်ဌာနချုပ်ဆီက သိရပါတယ်။

ဓာတ်ပုံ ( ပရဟိတ လူငယ်များ )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013