Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ပင်စင်ထုတ်သူများထံက တုံကင်တခု ငွေ ၂၀၀၀ မှ ၃၀၀၀ ကျပ်အထိတောင်းနေ
DVB
·
February 22, 2023
332750175_1886232251736526_4448209639451151231_n

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားတွေကို ဘဏ်ဝန်ထမ်းတွေက ငွေထုတ်ယူတဲ့ တုံကင်နံပါတ်တွေ တရားမဝင် ရောင်းချပြီး ငွေတောင်းခံနေတယ်လို့ ပင်စင်ထုတ်ယူသူတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေးဘဏ် ပင်စင်ထုတ်ရက်အတွင်း ပင်စင်ထုတ်ယူဖို့ ဘဏ်ဝန်ထမ်းတွေဆီက တုံကင်တခုကို ၂၀၀၀ ကျပ်မှ ၃၀၀၀ အထိ ပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

"ပင်စင်ထုတ်မယ်ဆို တုံကင်နံပါတ်ရဖို့ ကြိုဖုန်းဆက်ရတယ်။ ဘဏ်ရောက်ရင် ဘဏ်ဝန်ထမ်းကောင်လေးဆီက တုံကင်ကို ၁ ကနေ ၁၀၀ အတွင်းကို တခု နှစ်ထောင် နဲ့ ဝယ်ရတယ်။ ရှေ့ဆုံးမြန်မြန်ရချင်ရင် ၃၀၀၀ ပေးဝယ်ရတယ်။ တုံကင်မဝယ်ဘဲ သူတို့ဝေတာကို စောင့်ရင်တော့ နံပါတ် ၆၀၀ လောက်ဖြစ်သွားပြီး အချိန်အကြာကြီးစောင့်ရတယ်" လို့ ပင်စင်လာထုတ်တဲ့ အမျိုးသားတဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်မှာ ပင်စင်ထုတ်သူတွေကို မြန်မာ့စီးပွားရေးဘဏ်က လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပင်စင်လစာ ထုတ်ပေးတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်စင်စားပြည်သူတွေအပေါ် တရားမဝင်တုံကင် နံပါတ်ရောင်းချတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်အတွင်းက ဘဏ်မန်နေဂျာဆီ တိုင်ကြားခဲ့ပေမဲ့ အခုအချိန်ထိ အရေးယူမှုမရှိခဲ့ဘူးလို့ ပင်စင်စားတွေက ပြောတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024