ဇွန် ၇ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)
DVB
·
June 6, 2014
ဇွန် ၆ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
ဇွန် ၇ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိနိုင်ပါ တယ်။
ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ လှိုင်းအမြင့် ၄ ပေကနေ ၆ ပေလောက်အထိ မြင့်တက်နိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကို လျော့နည်းနိုင်တဲ့မြို့တွေကတော့ ပဲခူးမြို့၊ ပုသိမ်မြို့၊ ရန်ကုန်မြို့၊ မြိတ်မြို့နဲ့ ကော့သောင်းမြို့တွေပဲ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးဖြစ်တဲ့ မြိတ်မြို့မှာတော့ အညွှန်းကိန်းတန်ဖိုး ၆ ဒသမ ၄ သာ ရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ တောင်ကြီးမြို့ ဖြစ်ပြီး အညွှန်း ကိန်းတန်ဖိုး ကတော့ ၁၃ ကျရောက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ် မြောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းမှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု အနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိသေချာ နိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့ သေချာမှုအနေနဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင် ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဇွန် ၇ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၇၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။