DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော်ပြုလုပ်၊ အရပ်သား ၃၆ ဦးသေဆုံး
DVB
·
February 22, 2023
ကေအန်ယူနယ်မြေတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ကျော်ပြုလုပ်၊ အရပ်သား ၃၆ ဦးသေဆုံး
Donate to DVB

အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀ ကျော် ပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃၆ ယောက် ထိခိုက်သေဆုံးခဲ့ပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ခုလိုတိုက်ခိုက်မှုဟာ ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင် ၇ ခုထဲမှာ နေထိုင်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာ ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကို တိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ ထည့်သွင်း ရေတွက်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူလူထုပိုင် နေအိမ် ၂၅၈ လုံး၊ စာသင်ကျောင်း ၁၂ ကျောင်း၊ ဆေးရုံ ၆ လုံး၊ ပြည်သူပိုင်အဆောက်အဦ ၃၅ လုံး၊ ဘုန်းကြီးကျောင်း ၄ ကျောင်း၊ သီလရှင်ကျောင်း ၁ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၈ ကျောင်းတို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေက စိုးရိမ်စရာ ဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013