DVB Logo
Home
မြန်မာသတင်း
ရှမ်း-ကယားနယ်စပ်တွင် ရိက္ခာနှင့် လက်နက်ပို့သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ သေဆုံး၊ အရှင်ဖမ်းမိ
DVB
·
February 20, 2023
ရှမ်း-ကယားနယ်စပ်တွင် ရိက္ခာနှင့် လက်နက်ပို့သည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အချို့ သေဆုံး၊ အရှင်ဖမ်းမိ
Donate to DVB

ကရင်နီ(ကယားပြည်နယ်)နယ်စပ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ရိက္ခာနဲ့လက်နက်လာပို့တဲ့ စစ်ကောင်စီတပ်တွေကို ဒီရက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး အနည်းဆုံး ၁၄ ယောက်သေဆုံး၊ ၅ ယောက်အရှင်ဖမ်းနိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာ ကရင်နီနဲ့ ရှမ်းပြည်နယ်စပ် မြေပုံညွှန်း BP.12 ဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းလာပို့တဲ့ အင်အား ၃၀ လောက်ပါတဲ့ ခလရ ၅၄ တပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့ကဦးစီးပြီး ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ်(၅)တပ်ရင်းနဲ့ KNDF တို့က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ခွဲမှူးတယောက်အပါအဝင် တခြားစစ်သည် ၅ ယောက်ကို အရှင်ဖမ်းနိုင်ခဲ့ပြီး MA လက်နက်မျိုးစုံ ၁၀ လက်နဲ့ ခဲယမ်းတွေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာကို လိုက်လံရှင်းလင်းရာမှာ စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း တွေ့ခဲ့ရပြီး ပူးပေါင်းအဖွဲ့ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ KA အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်းပြည်တောင်ပိုင်းကိုဖြတ်ပြီး ရိက္ခာပို့ဖို့ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော်(KA) အမှတ် ၃ တပ်ရင်းက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းကလည်း ကရင်နီတပ်မတော်(KA) အမှတ် ၃ တပ်ရင်းနဲ့ ရှမ်းပြည်ဘက်ကဆင်းလာတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်-ရှား‌တော နယ်စပ်အထိ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ အဆင်မပြေတာကြောင့် အခုလိုရှမ်းပြည်ဘက်က ပို့နေတာလို့ ယူဆရပြီး စစ်ကောင်စီအခြေပြုနေတဲ့စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကတည်းက မော်တော်ယာဉ် ၁၃ စီးနဲ့ စစ်အင်အား ၂၀၀ လောက် ရောက်နေတယ်လို့ သိရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013