
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းမ၊ မုံရွာဂေါက်ကွင်းနားမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၁ နာရီ ၁၅ မိနစ်က ဆိုင်ကယ်နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသား နှစ်ယောက် သေဆုံးသွားခဲ့တယ်လို့ မုံရွာလူမှုကူညီရေးအသင်းက သိရပါတယ်။
မုံရွာကွန်ပျူတာတက္ကသိုလ်ဘက်ကနေ ပြည်ထောင်စုလမ်းမအတိုင်း မောင်းလာတဲ့ YAMAHA TDR ဆိုင်ကယ်နဲ့ ကန်သာယာပန်းခြံဘက်ကနေ လာတဲ့ CZI 125 ဆိုင်ကယ်တို့က မုံရွာဂေါက်ကွင်းနားအရောက်မှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြတာဖြစ်ပြီး ဆိုင်ကယ်မောင်းနှင်သူ ၂ ယောက်စလုံး ဆိုင်ကယ်ဦးထုပ် မဆောင်းထားဘူးလို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားက နေရာမှာပဲ သေဆုံးသွားခဲ့သလို အသက် ၂၅ နှစ်အရွယ် အမျိုးသားကတော့ ဆေးရုံအရောက် နေ့လယ် ၁၁ နာရီခွဲမှာ သေဆုံးသွားခဲ့ပြီး သေဆုံးသူတွေကို မုံရွာဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။